ယနေ့ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၃၄ဝ၇ ခုအား စစ်ဆေးခဲ့ရာ ပိုးတွေ့လူနာသစ် ၂၇၆ ဦးတွေ့ရှိ၊ ရောဂါပိုးတွေ့ရှိမှု ၂ ဒသမ ဝ၆ ရာခိုင်နှုန်းရှိ

ယနေ့ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၃၄ဝ၇ ခုအား စစ်ဆေးခဲ့ရာ ပိုးတွေ့လူနာသစ် ၂၇၆ ဦးတွေ့ရှိ၊ ရောဂါပိုးတွေ့ရှိမှု ၂ ဒသမ ဝ၆ ရာခိုင်နှုန်းရှိ

နေပြည်တော်  ဒီဇင်ဘာ  ၂၃

ကျန်းမာရေးဝန်ကြီး ဌာနအနေဖြင့် ကိုဗစ်-၁၉ သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြု လူနာနှင့် အနီးကပ် ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစမ်းသပ် စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိပြီး  ၂၂-၁၂-၂ဝ၂၁ ရက် ည ၈ နာရီမှ ၂၃-၁၂-၂ဝ၂၁ ရက် ည ၈  နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၃၄ဝ၇ ခုအား  စစ်ဆေးပြီးစီးခဲ့ရာ  ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၂၇၆ ဦးတွေ့ရှိရသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ ၂ ဒသမ ဝ၆ ရာခိုင်နှုန်းရှိသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၅၉၅ဝ၇၉၆ ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၅၂၉၁၁၄ ဦးရှိပြီဖြစ်သည်။

ယနေ့တွင် ဆေးရုံဆင်းခွင့်ရရှိသူ ၂ဝ၈ ဦး ဖြစ်သဖြင့် ယနေ့အထိစုစုပေါင်း ၅ဝ၆၅၁၄ ဦး ဆေးရုံမှဆင်းခွင့် ရရှိပြီးဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါဖြင့် ထပ်မံသေဆုံးသူ ခုနစ်ဦးရှိသဖြင့် ယနေ့အထိ သေဆုံးသူ စုစုပေါင်း ၁၉၂၄၂ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။