အေစီမီလန်အသင်းမှ ကွင်းလယ်ကစားသမား ကက်ဆီကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် စပါးအသင်း ခေါ်ယူနိုင်ရန် နီးစပ်နေ

စပါးအသင်းသည် အေစီမီလန်အသင်းနှင့်စာချုပ် သက်တမ်းကုန်ဆုံးတော့မည့် ကွင်းလယ်ကစားသမား ကက်ဆီကို  ယခုဘောလုံးရာသီကုန်တွင်  အလွတ်ပြောင်းရွှေ့ကြေးဖြင့်  ခေါ်ယူနိုင်ရန် နီးစပ်နေပြီဖြစ် ကြောင်း သိရသည်။

အသက် ၂၅ နှစ်အရွယ် ကက်ဆီသည် ပြီးခဲ့သည့် ဘောလုံးရာသီမှစ၍   အေစီမီလန်အသင်းနှင့်အတူ  ခြေစွမ်းပြနိုင်ခဲ့ကာ    ယခုဘောလုံးရာသီကုန်တွင်    အေစီမီလန်အသင်းနှင့်  စာချုပ်သက်တမ်း ကုန်ဆုံးမည် ဖြစ်ပြီး   အေစီမီလန်အသင်းက  အစောပိုင်းကတည်းက သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် ကမ်းလှမ်းမှုများ  အကြိမ်ကြိမ် ပြုလုပ်ခဲ့သော်လည်း ကက်ဆီကိုယ်တိုင်က  ပရီးမီးယားလိဂ်ကလပ်အသင်းများသို့သာ     ပြောင်းရွှေ့ကစားလို နေသောကြောင့် အေစီမီလန်အသင်း၏ သက်တမ်းတိုးစာချုပ်အတွက် ကမ်းလှမ်းမှုများကို ငြင်းဆိုခဲ့ခြင်း ဖြစ်သည်။

ကက်ဆီကိုယ်တိုင်က    သက်တမ်းတိုးစာချုပ်ကို ငြင်းဆိုထားသောကြောင့်  အေစီမီလန်အသင်းက လည်း   သက်တမ်းတိုး စာချုပ်အတွက်  ဆွေးနွေးမှုများကို  ငြင်းဆိုခဲ့ပြီးနောက် ပရီးမီးယားလိဂ်ကလပ် အသင်းများ ဖြစ်သည့် အာဆင်နယ်၊ မန်ယူ၊  စပါးအသင်းတို့နှင့်အတူ   ပီအက်စ်ဂျီအသင်းကလည်း  အပြိုင်ကမ်းလှမ်းရန် ပြင်ဆင်နေချိန်တွင် စပါးအသင်း  ကခေါ်ယူနိုင်ရန်   ထိပ်ဆုံးမှ  ရေပန်းစားလာခြင်း ဖြစ်သည်။

စပါးအသင်းနည်းပြ ကွန်တီက လာမည့်ဇန်နဝါရီ ကစားသမားအပြောင်းအရွှေ့ကာလတွင်   ကစားသမား သစ်များ ခေါ်ယူရန် အသင်းနှင့်သဘောတူညီမှု ရရှိခဲ့ပြီးနောက်  လက်ရှိတွင် အသင်းကွင်းလယ် ပိုင်းအတွက် ကက်ဆီကို ခေါ်ယူရန် ချိတ်ဆက်မှုများ  ပြုလုပ်နေကြောင်း သိရသည်။ 

Ref;Goal