နိုက်ဂျီးရီးယားလက်ရွေးစင် အသင်းနည်းပြသစ်အဖြစ် မော်ရင်ဟိုကိုခန့်အပ်ရန် ဆွေးနွေးပြီးဖြစ်ကြောင်း နိုက်ဂျီးရီးယားနိုင်ငံဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌ အတည်ပြု

နိုက်ဂျီးရီးယားနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ပန်နစ်ကလစ်လပ်နေသည့်  နိုက်ဂျီးရီးယား လက်ရွေးစင် အသင်း နည်းပြရာထူးအတွက်   နည်းပြမော်ရင်ဟိုကို ခန့်အပ်ရန်    ဆွေးနွေးပြီးဖြစ်ကြောင်း  အတည်ပြုခဲ့ သည်။

နည်းပြမော်ရင်ဟိုသည်    ယခုဘောလုံးရာသီတွင် ကလပ်အသင်းလက်မဲ့ဖြစ်နေရာမှ    ရိုးမားအသင်း နည်းပြအဖြစ် သုံးနှစ်စာချုပ်ဖြင့်  တာဝန်ယူကိုင်တွယ် နေခြင်းဖြစ်သည်။ နည်းပြမော်ရင်ဟိုအနေဖြင့် ရာသီ အစပိုင်းက  အသင်းကို ရလဒ်ကောင်းများဆက်တိုက် ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး  စီးရီးအေချန်ပီယံဆု အတွက်   စိန်ခေါ်နိုင်သည့်အသင်းတစ်သင်းအဖြစ် သတ်မှတ်ခဲ့သော်လည်း     နောက်ပိုင်းပွဲစဉ်များတွင် ရလဒ်ပိုင်း မတည်ငြိမ်မှုများကြောင့်    ဖိအားများနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။

နိုက်ဂျီးရီးယားအသင်းသည် နည်းပြ ဂါနော့ရိုအနှင့်  လမ်းခွဲခဲ့ပြီးနောက်  လက်ရှိတွင် နည်းပြနေရာ လစ်လပ်လျက်ရှိရာ    လာမည့်နှစ်တွင် ကျင်းပမည့် အာဖရိကနိုင်ငံများ ဖလားပြိုင်ပွဲအမီ       နည်းပြသစ် ခန့်အပ်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

နိုက်ဂျီးရီးယားနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ပန်နစ် က  နည်းပြသစ်ခန့်အပ်ဖို့နဲ့ ပတ်သက်ပြီး အသင်းကို အောင်မြင်မှုရရှိအောင် စွမ်းဆောင်ပေးနိုင်တဲ့နည်းပြ တစ်ဦးဖြစ်ဖို့  လိုအပ်ပါတယ်။  ကျွန်တော်တို့နိုင်ငံရဲ့  အားကစားဝန်ကြီးကိုယ်တိုင်  နည်းပြသစ်အဖြစ် မော်ရင်ဟိုကိုခန့်အပ်ဖို့ပြောကြားထားပါတယ်။ မကြာမီ ရက်ပိုင်းအတွင်း    အတည်ပြုနိုင်မှာပါဟု   ပြောသည်။                         

Ref;Daily Trust