မိုးနဲမြို့နယ်၌ ဆီထွက်သီးနှံ တစ်မျိုးဖြစ်သည့် ဆောင်းသီးနှံ နေကြာစိုက်ခင်းများ အောင်မြင် ဖြစ်ထွန်းလျက်ရှိ

မိုးနဲမြို့နယ်၌ ဆီထွက်သီးနှံ တစ်မျိုးဖြစ်သည့် ဆောင်းသီးနှံ နေကြာစိုက်ခင်းများ အောင်မြင် ဖြစ်ထွန်းလျက်ရှိ

ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင်  မိုးနဲမြို့နယ်ရှိ   ကျေးရွာအများစု၌ စိုက်ပျိုးထားသော ဆီထွက်သီးနှံတစ်မျိုး ဖြစ်သည့် ဆောင်းသီးနှံနေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး   ရိတ်သိမ်း ချိန်တွင် နေကြာအောင်စေ့များ ရရှိရန်နှင့် ဈေးကောင်းရရှိရန်  မျှော်လင့်နေကြောင်း ဝမ်ယေးကျေးရွာရှိ ဆောင်းနေကြာစိုက်ပျိုး သူ    ဦးမျိုးအောင်၏ ပြောဆိုချက်အရ သိရသည်။

မိုးနဲမြို့နယ်၌  ဆီထွက်သီးနှံ  ဆောင်းနေကြာကို  ယခင်က  စိုက်ပျိုးသူနည်းပါး သော်လည်း ယခုအခါ စားသုံးဆီဖူလုံရေး နှင့် မိသားစုအပိုဝင်ငွေ ရရှိရေးတို့အတွက် စီးပွားဖြစ်  စိုက်ပျိုး လုပ်ကိုင်လာကြသည်။

နေကြာကို  သီးထပ်၊  သီးညှပ်စိုက်ပျိုးကြသည့်အပြင် နေကြာတစ်မျိုးတည်းကိုလည်း စိုက်ပျိုးကြကြောင်း၊   ဆောင်းနေကြာကို စက်တင်ဘာလနှင့်  အောက်တိုဘာလတို့တွင် ကြဲပက်စိုက်ပျိုးပြီး သက်တမ်းလေးလကြာလျှင် ရိတ်သိမ်းကြကြောင်း သိရသည်။

ယခုနှစ်တွင်  မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနမှလည်း  ရေဆင်း-၁  စပ်မျိုးနေကြာ မျိုးကောင်းမျိုးသန့်များ   တိုးမြှင့်စိုက်ပျိုး နိုင်ရန် ၂၅ ဧကအတွက်  နေကြာမျိုးစေ့ များကို တောင်သူများလက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း၊  ထွက်ရှိလာ သော နေကြာများကို မိမိတို့အရပ်ဒေသရှိ ကြိတ်စက်များဖြင့်ကြိတ်ကာ မိသားစုစားသုံး ဆီအဖြစ် အသုံးပြုသည့်အပြင်  ဈေးကွက်အတွင်းသို့လည်း  ပြန်လည်ဖြန့်ဖြူး ရောင်းချကြောင်း သိရသည်။

ယခုနှစ်တွင် ဆောင်းနေကြာကို မိုးနဲ မြို့နယ်အတွင်းရှိ ဝမ်ဟေကျေးရွာ၊ ဝမ်ယေး ကျေးရွာ၊ ပန်အူကျေးရွာ၊ နားခံကျေးရွာနှင့် ဆိုက်ဖယ်ကျေးရွာတို့၌ အများဆုံးစိုက်ပျိုး ကြပြီး  ဆောင်းနေကြာ  ၄၃  ဧကကျော် စိုက်ပျိုးထားကြောင်းနှင့်  မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာနအနေဖြင့် နည်းပညာနှင့် သွင်းအားစုများ ပံ့ပိုးကူညီပေးလျက် ရှိကြောင်း သိရသည်။