နာပိုလီအသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးတော့မည့် အစ်ဆစ်ဂ်နီကို ဘိုင်ယန်မြူးနစ် အသင်းနှင့် စပါးအသင်းတို့ အပြိုင်ကမ်းလှမ်း

ယခုနှစ်ဘောလုံးရာသီကုန်ဆုံးလျှင် နာပိုလီအသင်း နှင့်စာချုပ်သက်တမ်းကုန်ဆုံးပြီး အလွတ်ပြောင်းရွှေ့ ကြေးဖြင့် ထွက်ခွာခွင့် ရရှိထားသည့် နာပိုလီအသင်း အဓိက တိုက်စစ်ကစားသမား အစ်ဆစ်ဂ်နီကို ဘိုင်ယန် မြူးနစ်အသင်းနှင့် စပါးအသင်းတို့က တရားဝင်အပြိုင် ကမ်းလှမ်းမှုများပြုလုပ်ထားကြောင်း သိရသည်။

အသက်  ၃၀ အရွယ် အစ်ဆစ်ဂ်နီသည် ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို ၂၀၁၀ ပြည့်နှစ်က နာပိုလီအသင်းနှင့် စတင်ခဲ့ခြင်း ဖြစ်သော်လည်း အစောပိုင်းနှစ်များတွင် အသင်း၌ ပါဝင်ခွင့်မရရှိခဲ့ဘဲ ကာဗီဆီ အသင်း၊ ဖော့ဂီယာအသင်းနှင့် ပက်စ်ကာရာအသင်း တို့တွင်  အငှားစာချုပ်များဖြင့်  ကစားခဲ့ပြီးနောက် ၂၀၁၂   ခုနှစ်က နာပိုလီအသင်းနှင့်   ပြန်လည် ပူးပေါင်းခဲ့ခြင်းဖြစ်သည်။

အစ်ဆစ်ဂ်နီသည်   နာပိုလီအသင်းနှင့် ပြန်လည်ပူးပေါင်းခဲ့ပြီးနောက်     ဘောလုံးရာသီတိုင်းတွင် ခြေစွမ်းပြ ကစားနိုင်ခဲ့ကာ  လက်ရှိ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူထားသူဖြစ်သည်။

အစ်ဆစ်ဂ်နီသည်  ယခုနှစ်ဘောလုံးရာသီကုန် ဆုံးလျှင် အသင်းနှင့်စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး အစောပိုင်းတွင် နာပိုလီအသင်းက စာချုပ်သစ် ကမ်းလှမ်းခဲ့သော်လည်း ၎င်းကိုယ်တိုင်က စာချုပ် သစ်ကမ်းလှမ်းမှုကိုငြင်းဆိုကာ  အသင်းပြောင်းရွှေ့ရန် ပြင်ဆင်နေခြင်းဖြစ်သည်။

အစ်ဆစ်ဂ်နီအနေဖြင့်   ဇန်နဝါရီကစားသမား အပြောင်းအရွှေ့ကာလတွင်   ပြောင်းရွှေ့လိုသည့် အသင်းနှင့်  တရားဝင် ဆွေးနွေးပြီး  ကြိုတင်စာချုပ် ချုပ်ဆိုနိုင်မည်ဖြစ်သည့်အတွက်   လက်ရှိစပါးအသင်းနှင့် ဘိုင်ယန်မြူးနစ် အသင်းတို့က တရားဝင်ကမ်းလှမ်းမှုများ ပြုလုပ်ထားခြင်း ဖြစ်ကြောင်း သိရသည်။                        

Ref;Dailymail