ပရီးမီးယားလိ၈်ပြိုင်ပွဲ၏ တန်ကြေးအမြင့်ဆုံး ကစားသမားအစုအဖွဲ့ အသင်းစာရင်းတွင် မန်စီးတီး အသင်းက ယူရို ၁ ဒသမ ၀၄ ဘီလီယံဖြင့် ထိပ်ဆုံးမှရပ်တည်နိုင်

ကမ္ဘာ့ထိပ်တန်း အားကစားဈေးကွက်ဝက်ဘ်ဆိုက် ဖြစ်သည့် Transfer Market ၏ ဖော်ပြချက်အရ ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ တန်ကြေးအမြင့်ဆုံး ကစား သမားအစုအဖွဲ့အသင်းစာရင်း၌  မန်စီးတီးအသင်းက စုစုပေါင်း ယူရို ၁ ဒသမ  ၀၄  ဘီလီယံဖြင့်  ထိပ်ဆုံးမှ ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။

မန်စီးတီးအသင်းသည်  ယခုနှစ်  နွေရာသီကစား သမားအပြောင်းအရွှေ့ကာလက ဂရီးလစ်ရှ်ကို စံချိန် တင်ပြောင်းရွှေ့ကြေးတစ်ရပ်ဖြင့်   ခေါ်ယူနိုင်ခဲ့ကာ လက်ရှိပရီးမီးယားလိဂ်တွင် တန်ကြေးမြင့်ကစားသမား အများစု ပါဝင်ခဲ့ကြပြီးနောက်   တန်ကြေးအမြင့်ဆုံး ကစားသမားအစုအဖွဲ့ အသင်းစာရင်း၌    ထိပ်ဆုံးမှ ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။

လက်ရှိ ပရီးမီးယားလိဂ်တန်ကြေးအမြင့်ဆုံးကစား သမားအစုအဖွဲ့အသင်းစာရင်းတွင် မန်စီးတီးအသင်း နောက်၌ လူကာကူကို မြင့်မားသည့် ပြောင်းရွှေ့ကြေး တစ်ရပ်ဖြင့် ခေါ်ယူခဲ့သည့် ချယ်လ်ဆီးအသင်းက ယူရို ၈၇၉ သန်းဖြင့် အဆင့် (၂) နေရာတွင် ရပ်တည်ခဲ့ပြီး မန်ယူအသင်းက ၈၆၅ သန်းဖြင့် အဆင့် (၃)၊ လီဗာပူး အသင်းက  ၈၆၁ သန်းဖြင့် အဆင့် (၄)၊ စပါးအသင်း က ၆၄၃ သန်းဖြင့် အဆင့် (၅)၊ အာဆင်နယ်အသင်း က ၅၆၂ သန်းဖြင့် အဆင့် (၆)၊ လက်စတာအသင်းက ၅၆၁ သန်းဖြင့် အဆင့် (၇)၊ အက်စ်တွန်ဗီလာအသင်း က ၄၁၄ သန်းဖြင့် အဆင့် (၈)၊ အဲဗာတန်အသင်းက   ၄၁၄ သန်းဖြင့် အဆင့် (၉) နှင့် ဝုဗ်အသင်းက ၃၆၅ သန်းဖြင့် အဆင့် (၁၀) နေရာ၌ အသီးသီး ရပ်တည်ခဲ့ပြီး  ဘန်လေအသင်းက  ၁၃၁  သန်းဖြင့်   တန်ကြေး အနည်းဆုံးအသင်းအဖြစ်  ရပ်တည်ခဲ့ကြောင်း   သိရသည်။

Ref;Transfer Market