ချယ်လ်ဆီးအသင်းက အကယ်ဒမီအသင်းနည်းပြသစ်အဖြစ် ဂန္ထဝင်ခံစစ်ကစားသမားဟောင်း ဂျွန်တယ်ရီကို ခန့်အပ်ရန် သဘော တူညီမှုရရှိ

ချယ်လ်ဆီးအသင်းက အကယ်ဒမီအသင်းနည်းပြသစ်အဖြစ် ဂန္ထဝင်ခံစစ်ကစားသမားဟောင်း ဂျွန်တယ်ရီကို ခန့်အပ်ရန် သဘော တူညီမှုရရှိ

လန်ဒန်၊ ဘောလုံး

ချယ်လ်ဆီးအသင်းက အကယ်ဒမီအသင်းနည်းပြသစ်အဖြစ် အသင်းဂန္ထဝင်ခံစစ်ကစားသမားဟောင်း ဂျွန်တယ်ရီကိုခန့်အပ်ရန် သဘောတူညီမှုရရှိပြီးနောက် ဂျွန်တယ်ရီအနေဖြင့်   မကြာမီ အသင်းဟောင်းနှင့် ပြန်လည်ပူးပေါင်းမည်ဖြစ်ကြောင်း သိရသည်။

အသက် ၄၃ နှစ်အရွယ် ဂျွန်တယ်ရီသည် ချယ်လ်ဆီးအသင်း၌ ၁၉၉၈ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ နှစ်ပေါင်းများစွာကစားခဲ့ကာ အသင်းခေါင်းဆောင်အဖြစ် အောင်မြင်မှုများစွာယူနိုင်သူဖြစ်ပြီး ၂၀၁၇ ခုနှစ်က ချယ်လ်ဆီး အသင်းနှင့်လမ်းခွဲပြီးနောက် အက်စ်တွန်ဗီလာ အသင်းသို့ ပြောင်းရွှေ့ခဲ့သည်။ ဂျွန်တယ်ရီသည် အက်စ်တွန်ဗီလာအသင်း၌ တစ်နှစ်သာကစားပြီး ၂၀၁၈ ခုနှစ်က ကစားသမားဘဝမှအနားယူပြီးနောက် နည်းပြဒိန်းစမစ်လက်အောက်၌   လက်ထောက်နည်းပြအဖြစ် တာဝန်ယူခဲ့သူဖြစ်သည်။

ဂျွန်တယ်ရီသည် အက်စ်တွန်ဗီလာအသင်း၌ လက်ထောက်နည်းပြအဖြစ် သုံးနှစ်ကြာတာဝန်ယူကာ ပြီးခဲ့သည့် ဘောလုံးရာသီ အကုန်က လမ်းခွဲခဲ့ပြီးနောက် နည်းပြလောကသို့ဝင်ရောက်ရန် နည်းပြလိုင်စင်သင်တန်းများ တက်ရောက်ပြီး အစောပိုင်းက နောဝှစ်ချ် အသင်းနည်းပြအဖြစ် ရေပန်းစားခဲ့သူဖြစ်သည်။

လက်ရှိတွင် ချယ်လ်ဆီးအသင်းက အသင်းအကယ်ဒမီအတွက် နည်းပြတာဝန်နှင့်   လူငယ်ဖွံ့ဖြိုးရေးစီမံကိန်းများတွင်    ဂျွန်တယ်ရီကို  ပြန်လည် တာဝန်ထမ်းဆောင်စေလိုသည့်အတွက် ကမ်းလှမ်းခဲ့ရာမှ သဘောတူညီမှုရရှိပြီးနောက် လာမည့်ရက်ပိုင်းအတွင်း အသင်းနှင့် ပူးပေါင်းမည်ဖြစ်ကြောင်း သိရသည်။

Ref;TheAthletic