တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ဆက်လက် ပို့ဆောင် 

တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ဆက်လက် ပို့ဆောင် 

နေပြည်တော်၊ ဒီဇင်ဘာ - 28

ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများအား တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေး ဌာနများနှင့် ကိုဗစ်စင်တာများတွင် ကျန်းမာရေးစောင့်ရှောက်ပေးခြင်းနှင့် ပြည်နယ် နှင့်တိုင်းဒေသကြီးအသီးသီး၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်း လုပ်ငန်း များကို တပ်မတော်သားဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်း အဖွဲ့များပူးပေါင်း၍ အင်တိုက်အားတိုက်ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်း များတွင် အထောက်အကူဖြစ်စေရန်အတွက် ကာကွယ်ဆေးများကို တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးသို့ သတ်မှတ်အအေးလမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း တပ်မတော်(လေ)မှ လေယာဉ်များ၊ Cold  Chain Delivery  Logistics မော်တော် ယာဉ်ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိ သည်။

ထိုသို့ပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်း မြို့နယ်၊ မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကာကွယ် ဆေးသိုလှောင်ခန်းမှ ဆေးတစ်လုံးလျှင် လူငါးဦးထိုးနိုင်သော Sinopharm ဆေးများအား မြိတ်မြို့သို့ ကာကွယ်ဆေးအလုံးပေါင်း ၉၆၀၀ လုံးနှင့် ဆေးထိုးအပ် ၄၁၆၀၀ ချောင်း၊ ထားဝယ်မြို့သို့ ကာကွယ်ဆေး အလုံးပေါင်း ၅၄၀၀ လုံးနှင့် ဆေးထိုးအပ် ၃၂၀၀၀ ချောင်း၊  ကော့သောင်းမြို့သို့ ကာကွယ်ဆေးအလုံးပေါင်း ၅၀၀၀ လုံးနှင့် ဆေးထိုးအပ် ၂၅၆၀၀ ချောင်း၊ ကျိုင်းတုံမြို့သို့ ကာကွယ်ဆေး အလုံးပေါင်း ၁၀၀၀၀ လုံး၊ ကလေးမြို့သို့ ကာကွယ်ဆေးအလုံးပေါင်း ၃၅၄၀ လုံး၊ ဆေးတစ်လုံးလျှင် လူနှစ်ဦးထိုးနိုင်သော Sinovac ကာကွယ်ဆေးများအား စစ်တွေ မြို့သို့ ကာကွယ်ဆေးအလုံးပေါင်း ၁၅၀၀၀ လုံး၊ သံတွဲမြို့သို့ ကာကွယ်ဆေး အလုံးပေါင်း ၁၀၀၀၀ လုံးတို့ကို တပ်မတော်လေယာဉ်များဖြင့် ဆက်လက်ပို့ဆောင် ပေးရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ တာဝန်ရှိသူများက လက်ခံရယူခဲ့ ကြောင်းနှင့် သက်ဆိုင်ရာသို့ ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။