ကလိန်အောင်မြို့နယ် အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိ

ကလိန်အောင်မြို့နယ် အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိ

တနင်္သာရီတိုင်းဒေသကြီး   ထားဝယ်ခရိုင် ကလိန်အောင်မြို့အတွင်းရှိ  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသောပြည်သူများနှင့် (ဒုတိယအကြိမ်)ထိုးနှံရန်   ကျန်ရှိသူများအား ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးခြင်းကို ဒီဇင်ဘာ ၂၈ ရက် နံနက် ၉ နာရီတွင် မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများက   ကလိန်အောင်မြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး  အစည်းအဝေးခန်းမ၌    စနစ်တကျ ထိုးနှံပေးလျက်ရှိသည်။

ထိုသို့    ကာကွယ်ဆေးထိုးနှံပေးရာတွင် ကာကွယ်ဆေး မထိုးနှံရသေးသော   ပြည်သူ ၃၅ ဦး၊  (ဒုတိယအကြိမ်)   ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိသူပြည်သူ ငါးဦး စုစုပေါင်း ၄ဝ ဦးတို့အား ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာခြင်းနှင့် ကာကွယ်ဆေးထိုး မှတ်တမ်း ရေးသွင်းခြင်းများ ဆောင်ရွက်ပေးပြီး   ကျန်းမာရေး ကောင်းမွန်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စနစ်တကျ ထိုးနှံပေးသည်။

အဆိုပါကာကွယ်ဆေး ထိုးနှံပေးခြင်း လုပ်ငန်းကို ကလိန်အောင်မြို့    မြို့အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ  ဆောင်ရွက်ပေးလျက် ရှိကြောင်း  သိရသည်။