ဘာစီလိုနာအသင်း ဘယ်တောင်ပံခံစစ်ကစားသမား အယ်လ်ဘာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံနေရ၍ ခံစစ်ပိုင်းအတွက် အခက်ကြုံ ရဖွယ်ရှိ

ဘာစီလိုနာ၊ ဘောလုံး

ဘာစီလိုနာအသင်း ဘယ်တောင်ပံခံစစ်ကစားသမား အယ်လ်ဘာအနေဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်ခံနေရ၍ လာမည့်ပွဲစဉ်တချို့ကို လွဲချော်မည် ဖြစ်သောကြောင့် အသင်းခံစစ်ပိုင်းအတွက် အခက်ကြုံရဖွယ်ရှိကြောင်း သိရသည်။

ဘာစီလိုနာအသင်းသည် ယခုဘောလုံးရာသီတွင် အသင်းခံစစ်ပိုင်း၌ ဒဏ်ရာပြဿနာများကြောင့် ရုန်းကန်နေရပြီး လက်ရှိတွင်လည်း အသင်း၌ အဓိကအားထားနေရသည့် ခံစစ်ကစားသမား အယ်လ်ဘာအနေဖြင့် ကိုဗစ်-၁၉ ရောဂါကြောင့် အနည်းဆုံးရက် သတ္တနှစ်ပတ်ခန့် လွဲချော်ရမည်ဖြစ်သည့်အတွက် လာမည့်ပွဲစဉ်များ၌ အသင်းခံစစ်ပိုင်းအတွက်  ထိုးနှက်ချက် ဖြစ်လာဖွယ်ရှိ နေခြင်း ဖြစ်သည် ဘာစီလိုနာအသင်းခံစစ်ပိုင်း၌ အယ်လ်ဘာမတိုင်မီက လီဂလက်၊ ဆာဂျီနိုဒက်စ်၊ အဲရစ်ဂါစီယာနှင့် ဝါဂူ စသည့် ကစား သမားများ   ဒဏ်ရာအသီးသီး ရရှိနေသည့်အပြင် ယခုအခါ အယ်လ်ဘာကိုပါ လက်လွှတ်ရမည်ဖြစ်သည့်အတွက် လာမည့်ပွဲစဉ်များ၌ ခံစစ်ပိုင်းတွင် အသင်းကွင်းလယ်ကစားသမားများကို  အသုံးပြုရဖွယ်ရှိနေသည်။

အယ်လ်ဘာအနေဖြင့် လာမည့်ဇန်နဝါရီ ၃ ရက်တွင်ကစားမည့် မာယော့ကာအသင်းနှင့်ပွဲစဉ်၊ ဇန်နဝါရီ  ၆  ရက်တွင်ကစားမည့်  ကိုပါဒယ်ရေးဖလားပြိုင်ပွဲဖြစ်သည့်   လီနာရက်စ်အသင်းတို့နှင့်ပွဲစဉ်များကို သေချာပေါက်လွဲချော်မည်ဖြစ်ကြောင်း သိရသည်။                        

Ref;Marca