ပြည်ထောင်စုဝန်ကြီးဖလား ပထမအကြိမ် ဘောလုံး အားကစားပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

ပြည်ထောင်စုဝန်ကြီးဖလား ပထမအကြိမ် ဘောလုံး အားကစားပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

နေပြည်တော်  ဒီဇင်ဘာ  ၂၉

စိုက်ပျိုးရေး၊  မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန နိုင်ငံဝန်ထမ်းများ၏ ကိုယ်လက် ကျန်းမာကြံ့ခိုင်ရေး၊ စိတ်ပင်ပန်းမှုများ ဖြေလျှော့နိုင်ရေး၊ ဦးစီးဌာနများရှိ ဝန်ထမ်းများအကြား ချစ်ကြည်ရင်းနှီးမှု တိုးပွားလာရေး၊ ရွက်ပုန်းသီး ထူးချွန်အားကစားသမားများ ပေါ်ထွက်လာရေး တို့အတွက် အားကစားနည်းများ အလိုက် ပြိုင်ပွဲများ ကျင်းပပေးလျက်ရှိရာ ပထမအကြိမ် ဘောလုံးအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က  နေပြည်တော် ရေဆင်းရှိ စိုက်ပျိုးရေး သုတေသနဦးစီးဌာန ဘောလုံးကွင်း၌ ကျင်းပရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး တက်ရောက်၍  အဖွင့်အမှာစကား ပြောကြားသည်။

ဖွင့်ပွဲအခမ်းအနားသို့   ဦးစီးဌာနများ၊ တက္ကသိုလ်များမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ပါမောက္ခချုပ်များ၊ အရာထမ်း၊ အမှုထမ်းများနှင့် ဘောလုံး အားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင် ကစားကြမည့်     နိုင်ငံ့ဝန်ထမ်း အားကစားသမားများ တက်ရောက်ကြသည်။

ပထမပွဲစဉ်တွင် လယ်ယာမြေစီမံ ခန့်ခွဲရေးနှင့်  စာရင်းအင်းဦးစီးဌာနနှင့် စိုက်ပျိုးရေး သုတေသနဦးစီးဌာနတို့ ယှဉ်ပြိုင်ကြရာ ဒုတိယဝန်ကြီးက စပေးဘောလုံးကိုကန်၍ ပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။

ပြည်ထောင်စုဝန်ကြီးဖလား ပထမအကြိမ် ဘောလုံး အားကစားပြိုင်ပွဲကို ဒီဇင်ဘာ ၂၈ ရက်မှ ဇန်နဝါရီ ၈ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ဦးစီးဌာန ကိုယ်စားပြုအသင်းများက အုပ်စုအလိုက် ယှဉ်ပြိုင်ကြမည်ဖြစ်ကာ ထူးချွန်မှုများအလိုက် ဆုများကို ထိုက်တန်စွာ ပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။