ချယ်လ်ဆီးအသင်း ၂၀၂၁ ခုနှစ်အတွင်း ချန်ပီယံလိဂ်နှင့် ဥရောပစူပါဖလား ဆွတ်ခူးနိုင်ခဲ့သော်လည်း စတာလင်ပေါင် ၁၅၅ ဒသမ ၉ သန်းအရှုံးပေါ်

ချယ်လ်ဆီးအသင်းသည်   ၂၀၂၁ ခုနှစ်အတွင်း ချန်ပီယံလိဂ်နှင့် ဥရောပစူပါဖလား ဆွတ်ခူး နိုင်ခဲ့သော်လည်း အသင်းဘဏ္ဍာရေး ရှင်းတမ်းထုတ်ပြန်ရာတွင် စတာလင်ပေါင် ၁၅၅ ဒသမ ၉ သန်းအထိ  အရှုံးပေါ်ခဲ့သည်ဟု ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ချယ်လ်ဆီးအသင်းသည် ယခုနှစ်အတွင်း ချန်ပီယံ လိဂ်ဖလားနှင့်   ဥရောပစူပါဖလားဆွတ်ခူးနိုင်ပြီး အသင်းဝင်ငွေများစွာ ရရှိခဲ့သော်လည်း ၂၀၂၀-၂၀၂၁ ဘောလုံးရာသီအတွင်း   ကိုဗစ်-၁၉ ရောဂါကြောင့် တစ်ရာသီလုံးနီးပါး   ပရိသတ်ဝင်ခွင့် မရရှိခဲ့သကဲ့သို့ တခြားစပွန်ဆာဝင်ငွေများစွာလည်း   ဆုံးရှုံးခဲ့သည့် အတွက်   အသင်းဝင်ငွေများစွာ  ဆုံးရှုံးခဲ့ခြင်း ဖြစ်သည်။

ချယ်လ်ဆီးအသင်းသည်  ၂၀၂၁ ခုနှစ်အတွင်း ချန်ပီယံဆုဖလားနှစ်ကြိမ် ရရှိခဲ့ခြင်းကြောင့် အသင်းဝင်ငွေများစွာ ရရှိသော်လည်း  ပြီးခဲ့သည့် နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလက အင်တာမီလန် အသင်းမှ လူကာကူကို ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၉၇ သန်းအထိ   ပေးချေခေါ်ယူပြီးနောက် ထွက်ငွေများစွာရှိခဲ့ပြီး အသင်းဘဏ္ဍာရေးပိုင်းတွင် အရှုံးပေါ်ခဲ့ခြင်း ဖြစ်သည်။

ချယ်လ်ဆီးအသင်းအနေဖြင့်  ယခုနှစ်အတွင်း အသင်းဘဏ္ဍာရေးရှင်းတမ်း ထုတ်ပြန်ရာတွင် စတာလင်ပေါင် ၁၅၅ သန်းကျော် ဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့သော်လည်း အသင်းပိုင်ရှင်  အီဗရာမိုဗစ်ချ်က ဇန်နဝါရီကစားသမား အပြောင်းအရွှေ့ကာလနှင့်   နွေရာသီကစားသမား အပြောင်းအရွှေ့ကာလတို့တွင် အသင်း၏ လိုအပ်နေသည့် နေရာများအတွက် ကစားသမားခေါ်ယူမှုများ   ဆက်လက်ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

Ref;Football London