(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပ

(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပ

နေပြည်တော်  ဇန်နဝါရီ  ၁

(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို  နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ   သက်ဆိုင်ရာ အားကစားကွင်း/အားကစားရုံများတွင်  ဆက်လက် ကျင်းပလျက်ရှိသည်။

ယနေ့ကျင်းပသည့် လွန်ဆွဲ (အမျိုးသား) ပြိုင်ပွဲတွင်   လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အသင်းက    စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းကို   နှစ်ပွဲပြတ်ဖြင့် လည်းကောင်း၊  ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနအသင်းက သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန အသင်းကို  နှစ်ပွဲပြတ်ဖြင့် လည်းကောင်း၊   အားကစားနှင့် လူငယ်ရေးရာဝန်ကြီး ဌာနအသင်းက နယ်စပ်ရေးရာဝန်ကြီးဌာန အသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း   အသီးသီး အနိုင်ရရှိသည်။

လွန်ဆွဲ (အမျိုးသမီး)ပြိုင်ပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအသင်းက လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အသင်းကို နှစ်ပွဲပြတ်ဖြင့် လည်းကောင်း၊   သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန အသင်းက ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနအသင်းကို နှစ်ပွဲပြတ်ဖြင့် လည်းကောင်း၊  အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနအသင်းက  ဆောက်လုပ်ရေးဝန်ကြီးဌာန အသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း အသီးသီး အနိုင်ရရှိသည်။

ထုပ်ဆီးတိုး (အမျိုးသမီး)ပြိုင်ပွဲတွင် အားကစားနှင့်  လူငယ်ရေးရာ ဝန်ကြီးဌာနအသင်းက ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန အသင်းကို   ၄၈ မှတ် ၃ မှတ်ဖြင့်လည်းကောင်း၊   ဆောက်လုပ်ရေး ဝန်ကြီးဌာန အသင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနအသင်းကို  ၃၄ မှတ် ၁၈ မှတ်ဖြင့် လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနအသင်းက ပညာရေး ဝန်ကြီးဌာနအသင်းကို ၅၇ မှတ် ၇ မှတ်ဖြင့် လည်းကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအသင်းက    နယ်စပ်ရေးရာ ဝန်ကြီးဌာနအသင်းကို ၃၇ မှတ် ၉ မှတ်ဖြင့် လည်းကောင်း အသီးသီး အနိုင်ရရှိသည်။

အဆိုပါ အားကစားပြိုင်ပွဲများကို အားကစား နှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲ ကျင်းပရေး ဆပ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှု အားပေးကြသည်။

ဇန်နဝါရီ ၂ ရက်တွင် ဘော်လီဘော (အမျိုးသမီး)ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များအဖြစ် ပြည်ထဲရေးဝန်ကြီး ဌာနအသင်းနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနအသင်း၊  အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနအသင်းနှင့် ကာကွယ်ရေးဝန်ကြီး ဌာနအသင်း၊ ဘော်လီဘော (အမျိုးသား)ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များအဖြစ် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန အသင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာန အသင်း၊ ပြည်ထဲရေးဝန်ကြီးဌာန အသင်းနှင့် ပြန်ကြားရေး ဝန်ကြီးဌာနအသင်းတို့    အသီးသီး ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

ပိုက်ကျော်ခြင်း (အမျိုးသား)ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များ အဖြစ် ပြည်ထဲရေးဝန်ကြီး ဌာနအသင်းနှင့်   နေပြည်တော်ကောင်စီအသင်း၊ ကာကွယ်ရေး ဝန်ကြီးဌာနအသင်းနှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအသင်းတို့ အသီးသီး ယှဉ်ပြိုင်ကစား ကြမည်ဖြစ်သည်။

ဖူဆယ် (အမျိုးသား) ပြိုင်ပွဲ ဆီမီးဖိုင်နယ် ပွဲစဉ်များအဖြစ်  ပြည်ထဲရေးဝန်ကြီးဌာန အသင်းနှင့် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနအသင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းနှင့် ကာကွယ်ရေး ဝန်ကြီးဌာနအသင်းတို့ အသီးသီး ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

ကွာတားဖိုင်နယ် လွန်ဆွဲ(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်များနှင့် ထုပ်ဆီးတိုး (အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်များအား ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း   သတင်းရရှိသည်။