တာရိုးကျိုးပေါက်ပြီး ရေဝင်ရောက်မှု ဖြစ်ပေါ်ခဲ့သည့် မြန်အောင်မြို့၊ ကနောင်မြို့နှင့် ဟင်္သာတမြို့တို့၌ ရေထိန်းတာနှင့် သဲအိတ်ဖို့ခြင်းများ ဆောင်ရွက်

နေပြည်တော်၊ သြဂုတ် - ၆

ဧရာဝတီမြစ်ရေတိုက်စားပြီး တာရိုးကျိုးပေါက်မှုကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ လွန်ဆေးမြိုင်ပန်းခြံအနောက်ဘက်၊ ကနောင်မြို့၊ အမှတ်(၄)ရပ်ကွက်နှင့် ဟင်္သာတမြို့၊ ဖောင်ဆိပ်ကျေးရွာတို့၌ ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့သည်။

အဆိုပါတာရိုးကျိုးပေါက်ပြီး ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်နေရာများသို့ ယနေ့နံနက်ပိုင်းတွင် အနောက်တောင်တိုင်း စစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများက ရေစီးအားထိန်းရန် အရန်ရေထိန်းတာဆောင်ရွက်ခြင်း၊ သဲအိတ်ဖို့ခြင်း၊ ရေပေါ်ရေလွှဲဝါးဖောင်များ ပြုလုပ်ခြင်းနှင့် ထပ်ပိုးခြင်းလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။