၂ဝ၂၁ ခုနှစ်အတွင်း ဥရောပထိပ်တန်း လိဂ်များ၌ သွင်းဂိုးအများဆုံး အသင်းစာရင်းတွင်  ဘိုင်ယန်မြူးနစ် အသင်းက ထိပ်ဆုံးမှ ရပ်တည်

၂ဝ၂၁ ခုနှစ်အတွင်း ဥရောပထိပ်တန်း လိဂ်များ၌ သွင်းဂိုးအများဆုံး အသင်းစာရင်းတွင်  ဘိုင်ယန်မြူးနစ် အသင်းက ထိပ်ဆုံးမှ ရပ်တည်

၂ဝ၂၁ ခုနှစ် တစ်နှစ်တာ ကာလအတွင်း ဥရောပ ထိပ်တန်းလိဂ်များမှ  ကလပ်အသင်းများ၌  သွင်းဂိုး အများဆုံး ကစားသမားစာရင်းတွင် ဘိုင်ယန်မြူးနစ် အသင်းက သွင်းဂိုး အများဆုံး အသင်းအဖြစ် ထိပ်ဆုံး မှ ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။

၂ဝ၂၁ ခုနှစ်အတွင်း သွင်းဂိုးအများဆုံးအသင်း စာရင်းတွင် စီးရီးအေမှ ကလပ် အသင်းလေးသင်း အထိပါဝင်လာပြီး  အများဆုံးလိဂ်အဖြစ် ပါဝင်လာခြင်းဖြစ်သည်။

ဘိုင်ယန်မြူးနစ် အသင်းသည် တိုက်စစ်မှူး လီဝန် ဒေါစကီး၏ သွင်းဂိုးများနှင့်အတူ ၂ဝ၂၁ ခုနှစ် တစ်နှစ်တာ ကာလအတွင်း စုစုပေါင်း သွင်းဂိုး ၁၆၇ ဂိုးအထိရှိခဲ့ပြီး သွင်းဂိုးအများဆုံး အသင်းအဖြစ် ရပ်တည်ခဲ့ကာ  အဆိုပါသွင်းဂိုးများထဲမှ  သုံးပုံတစ်ပုံခန့်ကို တိုက်စစ်မှူး လီဝန်ဒေါစကီးက သွင်းယူပေးနိုင်ခဲ့ခြင်းဖြစ်သည်။ ပရီးမီးယားလိဂ်တွင် သွင်းဂိုးအများဆုံး အသင်းအဖြစ် ရပ်တည်ခဲ့သည့် မန်စီးတီးအသင်းထက်  လေးဂိုးအသာဖြင့် ထိပ်ဆုံး၌ ရပ်တည်ခဲ့ပြီး တိုက်စစ်အကောင်းဆုံး အသင်းအဖြစ် ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။

၂ဝ၂၁ ခုနှစ်အတွင်း ဥရောပထိပ်တန်း လိဂ်များမှ သွင်းဂိုးအများဆုံး  ၁ဝ  သင်းစာရင်း၌ ဘိုင်ယန်မြူးနစ်အသင်း၏ နောက်တွင် မန်စီးတီးအသင်းက ၁၆၃ ဂိုးဖြင့် အဆင့် (၂)၊ ပီအက်စ်ဂျီအသင်းက ၁၂၉ ဂိုးဖြင့် အဆင့် (၃)၊ ဒေါ့မွန်အသင်းက  ၁၂၅  ဂိုးဖြင့်  အဆင့်  (၄)၊ အတ္တလန္တာအသင်းက ၁၂၃ ဂိုးဖြင့်  အဆင့် (၅)၊  နာပိုလီအသင်းက ၁၁၉ ဂိုးဖြင့် အဆင့် (၆)၊ လီဗာပူးအသင်းက ၁၁၇ ဂိုးဖြင့်  အဆင့် (၇)၊ အင်တာမီလန်အသင်းက  ၁၁၆  ဂိုးဖြင့်  အဆင့် (၈)၊  ဗီလာရီးယဲလ်အသင်းက  ၁၁၄  ဂိုးဖြင့် အဆင့် (၉) နှင့်  ရိုးမားအသင်းက ၁၁၁ ဂိုးဖြင့် အဆင့် (၁ဝ) နေရာ၌ အသီးသီး ရပ်တည်ခဲ့ကြောင်း သိရသည်။