(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများ ဆက်လက် ကျင်းပ

(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများ ဆက်လက် ကျင်းပ

နေပြည်တော်  ဇန်နဝါရီ  ၂

(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အားကစား ပြိုင်ပွဲများကို    ယနေ့တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ သက်ဆိုင်ရာ အားကစားကွင်း/ အားကစားရုံများ၌ ဆက်လက် ကျင်းပလျက်ရှိသည်။

ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၌ ကျင်းပသည့်  လွန်ဆွဲ (အမျိုးသား) ပြိုင်ပွဲတွင် ပြည်ထဲရေးဝန်ကြီးဌာန အသင်းက  သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းကို  ၂ ပွဲ-၁ ပွဲဖြင့် လည်းကောင်း၊ ပြည်ထောင်စု ရာထူးဝန်အသင်းက လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အသင်းကို ၂ ပွဲပြတ်ဖြင့် လည်းကောင်း၊ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန အသင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအသင်းကို ၂ ပွဲပြတ်ဖြင့်လည်း

ကောင်း၊ ကာကွယ်ရေး ဝန်ကြီးဌာနအသင်းက စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနအသင်းကို  ၂ ပွဲပြတ်ဖြင့် လည်းကောင်း၊ လွန်ဆွဲ (အမျိုးသမီး)ပြိုင်ပွဲတွင်   သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဌာနအသင်းက ပြည်ထဲရေး ဝန်ကြီးဌာန အသင်းကို ၂ ပွဲပြတ်ဖြင့် လည်းကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အသင်းက တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာနအသင်းကို  ၂ ပွဲ-၁ ပွဲဖြင့် လည်းကောင်း၊ ကာကွယ်ရေး ဝန်ကြီးဌာနအသင်းက ပြည်ထောင်စု ရာထူးဝန်အသင်းကို  ၂ ပွဲပြတ်ဖြင့် လည်းကောင်း၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီး ဌာနအသင်းက   ပညာရေး ဝန်ကြီးဌာနအသင်းကို   ၂ ပွဲပြတ်ဖြင့် လည်းကောင်း အသီးသီး အနိုင်ရရှိသည်။

ဘော်လီဘော(အမျိုးသမီး)ပြိုင်ပွဲတွင် ပြည်ထဲရေး ဝန်ကြီးဌာနအသင်းက ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အသင်းကို  ၃ ပွဲပြတ်ဖြင့် လည်းကောင်း၊ ကာကွယ်ရေး ဝန်ကြီးဌာနအသင်းက  အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနအသင်းကို ၃ ပွဲပြတ်ဖြင့် လည်းကောင်း၊ ဘော်လီဘော (အမျိုးသား)ပြိုင်ပွဲတွင် ကာကွယ်ရေးဝန်ကြီး ဌာနအသင်းက အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနအသင်းကို ၃ ပွဲပြတ်ဖြင့်လည်းကောင်း၊ ပြည်ထဲရေး ဝန်ကြီးဌာနအသင်းက ပြန်ကြားရေး ဝန်ကြီးဌာန အသင်းကို ၃ ပွဲပြတ်ဖြင့် လည်းကောင်း အသီးသီး အနိုင်ရရှိသည်။

ပိုက်ကျော်ခြင်း(အမျိုးသား)ပြိုင်ပွဲတွင် ပြည်ထဲရေးဝန်ကြီးဌာန အသင်းက နေပြည်တော် ကောင်စီအသင်းကို ၂ ပွဲပြတ်ဖြင့် လည်းကောင်း၊ ကာကွယ်ရေး ဝန်ကြီးဌာန အသင်းက အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနအသင်းကို ၂ ပွဲပြတ်ဖြင့်လည်းကောင်း အသီးသီး အနိုင်ရရှိသည်။

ထုပ်ဆီးတိုး(အမျိုးသမီး) ပြိုင်ပွဲတွင် တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန အသင်းက လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အသင်းကို ၂၃ မှတ် ၁၉ မှတ်ဖြင့် လည်းကောင်း၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန အသင်းက မြန်မာနိုင်ငံတော် ဗဟိုဘဏ်အသင်းကို ၄ဝ မှတ် ၃ မှတ်ဖြင့် လည်းကောင်း၊ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနအသင်းက ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အသင်းကို ၇ဝ မှတ် ၁၈ မှတ်ဖြင့် လည်းကောင်း၊ ပြည်ထဲရေး ဝန်ကြီးဌာနအသင်းက  ဆောက်လုပ်ရေး ဝန်ကြီးဌာနအသင်းကို ၁၄ မှတ် သုည မှတ်ဖြင့် လည်းကောင်း အသီးသီး အနိုင်ရရှိသည်။

ဖူဆယ်(အမျိုးသား)ပြိုင်ပွဲတွင် ပြည်ထဲရေး ဝန်ကြီးဌာနအသင်းက အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနအသင်းကို  ၅ ဂိုး-ဂိုး မရှိဖြင့် လည်းကောင်း၊ ကာကွယ်ရေး ဝန်ကြီးဌာနအသင်းက ဆောက်လုပ်ရေး ဝန်ကြီးဌာနအသင်းကို   ၅ ဂိုး- ၂ ဂိုးဖြင့် လည်းကောင်း အသီးသီး အနိုင်ရရှိသည်။

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးက (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပရေး ဆပ်ကော်မတီ   ဒုတိယ ဥက္ကဌဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။