စဉ့်ကိုင်မြို့နယ် ဆည်ရွာကျေးရွာ၌ အခြေခံ ရှေးဦးပြုစုနည်း(၁/၂ဝ၂၂) သင်တန်းဖွင့်လှစ်

စဉ့်ကိုင်မြို့နယ် ဆည်ရွာကျေးရွာ၌ အခြေခံ ရှေးဦးပြုစုနည်း(၁/၂ဝ၂၂) သင်တန်းဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ် ကြက်ခြေနီ အသင်းခွဲမှ ကြီးမှူးဖွင့်လှစ်သော အခြေခံ ရှေးဦးပြုစုခြင်း(၁/၂ဝ၂၂) သင်တန်းကို ဇန်နဝါရီ ၂ ရက်တွင် ဆည်ရွာကျေးရွာ တောရစလေ ကျောင်းဝင်းအတွင်းရှိ   အနန္တဂုဏ်ရည် ဓမ္မာရုံ၌ ဖွင့်လှစ်ကြောင်း သိရသည်။

ရှေးဦးစွာ ကျောက်ဆည်ခရိုင် ကြက်ခြေနီကြီးကြပ်မှု ကော်မတီအဖွဲ့ဝင် ဒေါ်လွင်လွင်မာက  အဖွင့်အမှာစကား ပြောကြားသည်။  ထို့နောက်  ကျောက်ဆည်ခရိုင်ကြက်ခြေနီအုပ်ချုပ်ရေးအဖွဲ့ ဒုတိယတပ်ဖွဲ့မှူး ဒေါ်နွဲ့နွဲ့ထွေးက သင်တန်းဖွင့်လှစ်ရ ခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြား ပြီး  မြို့နယ်ပြန်ကြားရေးနှင့်  ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန  ဒုတိယဦးစီးမှူးက ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ကာကွယ် ရမည့် နည်းလမ်းများကို ဆွေးနွေးသည်။

သင်တန်းတွင် နည်းပြများအဖြစ် ကျောက်ဆည်ခရိုင်   ကြက်ခြေနီ အုပ်ချုပ်ရေးအဖွဲ့ ဒုတိယတပ်ဖွဲ့မှူး ဒေါ်နွဲ့နွဲ့ထွေး၊ဦးအောင်နိုင်မင်း၊ စဉ့်ကိုင်မြို့နယ် တပ်ဖွဲ့မှူးဒေါ်နီနီ၊ ဒေါ်မြင့်မြင့်စန်း(တပ်ခွဲမှူး)၊ ဒေါ်ဒါဒါလွင်(တပ်ခွဲမှူး)တို့က စာတွေ့လက်တွေ့ ပို့ချပေးကြောင်းနှင့် သင်တန်း၌ သင်တန်းသား၊ သင်တန်းသူ ၂၅ ဦး တက်ရောက်ကြကြောင်း သိရသည်။