မန်ယူအသင်းနှင့် စာချုပ်ဖျက်သိမ်းခဲ့သည့် ခံစစ်ကစားသမား တွမ်ဇီဘီ စီးရီးအေထိပ်သီး နာပိုလီအသင်းသို့ ပြောင်းရွှေ့ကစားရန် သဘောတူညီမှုရရှိ

မန်ယူအသင်းနှင့် စာချုပ်ဖျက်သိမ်းခဲ့သည့် ခံစစ်ကစားသမား တွမ်ဇီဘီ စီးရီးအေထိပ်သီး နာပိုလီအသင်းသို့ ပြောင်းရွှေ့ကစားရန် သဘောတူညီမှုရရှိ

မန်ယူအသင်းနှင့် စာချုပ်ဖျက်သိမ်းရန် သဘောတူညီမှု ရရှိခဲ့သည့် ခံစစ်ကစားသမား တွမ်ဇီဘီအနေဖြင့်  စီးရီးအေထိပ်သီး နာပိုလီအသင်းသို့ ပြောင်းရွှေ့ကစားရန် သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။

အသက် ၂၄ နှစ်အရွယ် တွမ်ဇီဘီသည် မန်ယူအသင်း အကယ်ဒမီမှ ထွက်ပေါ်ခဲ့သူဖြစ်ပြီး အသင်း နှင့် ၂ဝ၁၅ ခုနှစ်က ပရော်ဖက်ရှင်နယ် စာချုပ်ချုပ်ဆို ခဲ့သော်လည်း  အသင်းတွင်  ပွဲထွက်ခွင့် မရရှိသည့်အတွက် အက်စ်တွန်ဗီလာ အသင်းထံ သုံးကြိမ်အထိ အငှားသွားရောက် ကစားခဲ့ပြီး နောက်ဆုံးအကြိမ်အဖြစ် ပြီးခဲ့သည့်သြဂုတ်လက    ရာသီဝက် အငှားစာချုပ်ဖြင့် ပြောင်းရွှေ့ကစားခဲ့သော်လည်း ရာသီဝက်အပြီးတွင် အက်စ်တွန်ဗီလာ အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီး  မန်ယူအသင်းနှင့်  ပြန်လည် ပူးပေါင်းခဲ့ခြင်းဖြစ် သည်။

သို့သော်  မန်ယူအသင်း၌လည်း  ပုံမှန်ပွဲထွက်ခွင့် ရရှိမည့် အနေအထားတွင် မရှိသည့်အတွက် အသင်းနှင့် စာချုပ်ဖျက်သိမ်းရန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက်  မန်ယူအသင်းက  စာချုပ်ဖျက်သိမ်းပေးခဲ့သည့်အတွက်  နာပိုလီအသင်းသို့  ရာသီဝက်အငှား စာချုပ်ဖြင့်  ပြောင်းရွှေ့ကစားရန်  ပြင်ဆင်ခဲ့ခြင်းဖြစ် သည်။

ပြီးခဲ့သည့်ရက်ပိုင်းက တွမ်ဇီဘီအနေဖြင့် နာပိုလီ အသင်းသို့ ရာသီဝက် အငှားစာချုပ်ဖြင့် ပြောင်းရွှေ့ ကစားရန် ဆွေးနွေးခဲ့ပြီး ယခုအခါ သဘောတူညီမှု ရရှိခဲ့သည့်အတွက် လာမည့်ရက်ပိုင်းအတွင်း လက်မှတ်ရေးထိုးမည် ဖြစ်ကြောင်း သိရသည်။