စာချုပ်လျော်ကြေး အမြင့်ဆုံး ကစားသမားများအဖြစ် ဖာရန်တောရက်စ် ပက်ဒရီနှင့် ဘင်ဇီမာတို့ ယူရို တစ်ဘီလီယံဖြင့် ထိပ်ဆုံး၌ ပူးတွဲရပ်တည်

စာချုပ်လျော်ကြေး အမြင့်ဆုံး ကစားသမားများအဖြစ် ဖာရန်တောရက်စ် ပက်ဒရီနှင့် ဘင်ဇီမာတို့ ယူရို တစ်ဘီလီယံဖြင့် ထိပ်ဆုံး၌ ပူးတွဲရပ်တည်

လက်ရှိဘောလုံး လောကအတွင်း စာချုပ်လျော်ကြေး အမြင့်ဆုံး ကစားသမားများအဖြစ်  စပိန်လာလီဂါမှ ကစားသမားများသာ ပါဝင်ခဲ့ပြီး ဖာရန်တောရက်စ်၊  ပက်ဒရီနှင့် ဘင်ဇီမာတို့က    ယူရိုတစ်ဘီလီယံဖြင့်    ထိပ်ဆုံး၌ ပူးတွဲရပ်တည်လျက် ရှိကြောင်း သိရသည်။

ဘာစီလိုနာအသင်းသည်    ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မန်စီးတီးအသင်းမှ ဖာရန်တောရက်စ်ကို စတာလင်ပေါင် ၅၅ သန်းဖြင့် ခေါ်ယူခဲ့ပြီးနောက် စာချုပ်လျော်ကြေးကိုလည်း အံ့အားသင့်ဖွယ် သတ်မှတ်ခဲ့ကာ စာချုပ်လျော်ကြေး ယူရို တစ်ဘီလီယံ (စတာ လင်ပေါင် ၈၄၇ သန်း) အထိ သတ်မှတ်ခဲ့ပြီး စာချုပ် လျော်ကြေး   အများဆုံး ကစားသမားများအဖြစ်   အသင်းဖော် ပက်ဒရီနှင့် ရီးယဲလ်မက်ဒရစ်အသင်းမှ ဘင်ဇီမာတို့နှင့်  ထိပ်ဆုံး၌ ပူးတွဲရပ်တည်ခဲ့ခြင်းဖြစ် သည်။

ရီးယဲလ်မက်ဒရစ အသင်းသည် ဘင်ဇီမာအား အစောပိုင်းက သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့ရာတွင် စာချုပ်လျော်ကြေးကို ယူရို တစ်ဘီလီယံ သတ်မှတ်ခဲ့ပြီးနောက် စာချုပ်လျော်ကြေး အများဆုံး ကစားသမားအဖြစ်  ရပ်တည်နေသော်လည်း  ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက ဘာစီလိုနာအသင်းက လူငယ်ကစားသမား ပက်ဒရီကို သက်တမ်းတိုး စာချုပ် ချုပ်ဆိုခဲ့ရာတွင်  တခြားအသင်းများ အလွယ်တကူ မခေါ်ယူနိုင်ရန် ယူရိုတစ်ဘီလီယံအထိ သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

ဘာစီလိုနာ အသင်းသည် အသင်းမှ ထိပ်တန်း ကစားသမားများကို စာချုပ်ချုပ်ဆိုရာတွင်  စာချုပ် လျော်ကြေးကို မြင့်မားစွာ သတ်မှတ်လေ့ရှိပြီး ယခင်ကလည်း  နေမာအား  ခေါ်ယူခဲ့ရာတွင်  စာချုပ် လျော်ကြေးကို စတာလင်ပေါင် ၁၉၈ သန်း သတ်မှတ်ခဲ့ သည့်အတွက် စုစုပေါင်း စတာလင်ပေါင် ၂၂၂ သန်း အထိ ရရှိခဲ့ကြောင်း သိရသည်။