ရေတံခွန်တွေဖြစ်ပေါ်လာပုံနဲ့ ကမ္ဘာ့အမြင့်ဆုံးရေတံခွန်အကြောင်း

 

ရေတံခွန်တွေဆိုတာ ကမ္ဘာပေါ်မှာရှိတဲ့လူအများစု နှစ်သက်ရာ၊ မြတ်နိုးရာ၊ ပျော်စံရာနေရာ တစ်ခုလို့ဆိုရင်မှားမယ်မထင်ပါဘူး။

လူတိုင်းလိုလို     ရေတံခွန်တွေကို နှစ်သက်ကြပါတယ်။  ရေတံခွန်ရှိတဲ့နေရာကို ဘယ်လောက် ပင်ခရီးလမ်းကြမ်းပါစေ မရောက်ရောက်အောင်သွားလေ့ရှိပါတယ်။ ရေတံခွန်ဆီရောက်မှသာ စိတ်လက်ချမ်းသာစွာ အပန်းဖြေကြပါတယ်။

တစ်နည်းပြောရရင်   ရေတံခွန်ဆိုတာ သဘာဝကပေးထားတဲ့    အလှပဆုံးနဲ့လူတွေ အနှစ်ခြိုက် ဆုံးလက်ဆောင်တစ်ခုလို့ တောင်ဆိုနိုင်ပါတယ်။

ဒါပေမဲ့လည်း ဒီရေတံခွန်တွေဘယ်လိုဖြစ်ပေါ်လာတယ်၊ ဘယ်လိုနေရာတွေမှာရှိတယ်ဆိုတာ ကိုတော့လူအများစုက မသိကြပါဘူး။

ဒါကြောင့် ဒီတစ်ပတ်အတွက် ဖော်ပြပေးမယ့် အကြောင်းအရာလေးက ရေတံခွန်တွေဖြစ်ပေါ် လာပုံနဲ့     ကမ္ဘာ့အမြင့်ဆုံး ရေတံခွန်အကြောင်းပဲဖြစ်ပါတယ်။

ရေတံခွန်ဖြစ်ပေါ်လာပုံ

ယေဘုယျအားဖြင့်တော့ တောင်ပေါ်မှာရှိတဲ့ ရေအိုင်ထဲကရေတွေက တောင်အောက်ကို အတား အဆီးမဲ့စီးဆင်းတာမျိုးကို ရေတံခွန်ရယ်လို့ခေါ်တာဖြစ်ပါတယ်။ ရေတံခွန်တွေဟာ မြစ်ရေစီး ကြောင်းတစ်လျှောက်မှာ ဖြစ်ပေါ်လေ့ရှိပါတယ်။ များသောအားဖြင့် သက်တမ်းနုစဉ်ကာလမှာ ဖြစ်ပေါ်တာပါ။

အဲဒီအချိန်မှာ ရေလမ်းကြောင်းကနက်ပြီး ကျဉ်းမြောင်းတာကြောင့်  ရေတံခွန်ဖြစ်ပေါ်ဖို့အတွက် ပိုပြီးအခွင့်အရေးများစေပါတယ်။ များသောအားဖြင့်  ရေတံခွန်တွေဟာ မြစ်တွေရဲ့ အထက်ပိုင်း ဆုံးနေရာတွေမှာသာ ရှိတတ်ပါတယ်။   အဲဒီနေရာတွေမှာဆိုရင် ကျောက်အမာအလွှာက ကျောက်အပျော့အလွှာအပေါ်မှာ တည်ရှိပါတယ်။ သူတို့အားလုံးကိုတော့ မြေလွှာအောက် ကျောက်သားလို့ခေါ်ပါတယ်။

မြစ်ရေစီးဆင်းတဲ့အခါ  အဲဒီမြေလွှာအောက်ကျောက်သားတွေကနေ သဲတွေ၊ မြေကြီးတွေ၊  နုန်းတွေထွက်ပေါ်လာပြီး ဆင်ခြေလျှောနေရာတွေမှာ အရှိန်ပြင်းပြင်းနဲ့လိုက်ပါစီးမျောသွား ပါတယ်။ ရေစီးကြောင်းမှာပါလာတဲ့အရာဝတ္ထုတွေနဲ့ ကျောက်သားတို့ကြားပွတ်တိုက်မှုကြောင့် ကျောက်သားတွေ တိုက်စားခံလာရပါတယ်။

ဒီလိုမျိုး ကျောက်သားတွေတိုက်စားခြင်းဖြစ်စဉ်ဟာ ကျောက်သားတွေရဲ့သိပ်သည်းမှု၊ ရေစီး ဆင်းရတဲ့ အကွာအဝေးတို့အပေါ်မူတည်ပြီး ပြောင်းလဲနေပါတယ်။ မြစ်ရေဟာ ကျောက်သား အမာပေါ်မှာ စီးဆင်းတာဖြစ်ပြီး ဆင်ခြေလျှောနေရာအရောက်မှာ ကျောက်သားအမာအောက် မှာရှိတဲ့  ကျောက်သားအပျော့ကို  တရွေ့ရွေ့တိုက်စားပါတယ်။

အဲဒီအခါ ကျောက်သားအမာအောက်မှာ  ကလိုင်တစ်ခုဖြစ်ပေါ်ပြီး  အချိန်ကြာလာတာနဲ့အမျှ အဲဒီကလိုင်ထဲကို အပေါ်ကရေတွေ လှည့်ဝင်စီးဆင်းရာကနေ အပေါ်မှာရှိတဲ့ကျောက်သား အမာက ရေရဲ့တိုက်စားခြင်းကို ခံလိုက်ရပါတယ်။ နောက်ဆုံးမှာတော့  မြစ်ကြောင်းက တဖြည်း ဖြည်းနက်လာပြီး ရေတံခွန်ကဲ့သို့ရေစီးဆင်းမှုပုံစံဖြစ်ပေါ်လာပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ရေစီးဆင်းလေ ကျောက်သားအပျော့ကို တိုက်စားသွားလေ ကလိုင်ဖြစ်ပြီး ကျောက်သားအမာ တိုက်စားခံရလေဖြစ်လာပါတယ်။

ဒီလိုဖြစ်လာတာနဲ့အမျှ ရေတံခွန်သည်လည်း အထက်ပိုင်းသို့ရောက်မှန်းမသိရောက်သွားကာ တဖြည်းဖြည်းနဲ့ မတ်စောက်တဲ့အထိကို ဖြစ်သွားပါတယ်။ ရေတံခွန်တွေကိုဖြစ်ပေါ်စေတဲ့ နောက်ထပ်အကြောင်းရင်းတစ်ခုကတော့ မြေငလျင်လှုပ်မှုတွေ၊ မီးတောင်ပေါက်ကွဲမှုတွေ ကြောင့် ကမ္ဘာ့မြေမျက်နှာပြင်တွေပြောင်းလဲလာခြင်းဖြစ်ပါတယ်။

နောက်ထပ်အကြောင်းရင်းတစ်ခုက ရေခဲမြစ်တွေရွေ့လျားစီးဆင်းမှုကြောင့် ဖြစ်ပါတယ်။ ရေခဲမြစ်တွေဟာတောင်ကြားကနေစီးဆင်းပြီး တဖြည်းဖြည်းနဲ့ အဲဒီတောင်ကြားကို ပိုမိုကြီးမား လာစေပါတယ်။ နောက်ဆုံးမှာ ရေခဲမြစ်ရဲ့အောက်ခြေကတိုက်စားမှုတွေကြောင့် အထက်မှာ ပြောခဲ့တဲ့နည်းအတိုင်းပဲ ရေတံခွန်တွေကိုဖြစ်ပေါ်လာစေတာဖြစ်ပါတယ်။

ကမ္ဘာ့အမြင့်ဆုံးရေတံခွန်

အခု ဆက်လက်တင်ပြသွားမှာကတော့ ကမ္ဘာပေါ်မှာရှိတဲ့    ရေတံခွန်တွေအနက် အမြင့်ဆုံး တစ်နည်းအားဖြင့် မတ်စောက်ဆုံးရေတံခွန်အကြောင်းပဲဖြစ်ပါတယ်။   အဲဒီရေတံခွန်ကတော့ ဗင်နီဇွဲလားနိုင်ငံမှာရှိတဲ့ နတ်သမီးရေတံခွန်ပါပဲ။ ဒါပေမဲ့ သူတည်ရှိတဲ့တောင်ကိုတော့ နတ်ဆိုး တောင်လို့ခေါ်ပါတယ်။

ရေတံခွန်ရဲ့အမြင့်ကတော့   ပေပေါင်း ၃၂၀၀ ကျော်ရှိပါတယ်။ ပေ ၃၂၀၀ ကျော်အမြင့်ကနေ အောက်ကိုစီးဆင်းလာတဲ့ ရေစီးသံနဲ့မြင်ရတဲ့မြင်ကွင်းက သိပ်ကိုပသာဒဖြစ်လွန်းပါတယ်။ ဘာကြောင့်   ဒီရေတံခွန်ကို နတ်သမီးရေတံခွန်လို့ ခေါ်ရတာလဲဆိုရင် ဒီလောက်မြင့်တဲ့ ရေတံ ခွန်ပေါ်ကို သာမန်လူကတော့မတတ်နိုင်ဘူး။ နတ်သမီးမှသာတတ်နိုင်လိမ့်မယ်။ ဒါကြောင့် နတ်သမီးရေတံခွန်လို့ခေါ်တာဖြစ်မယ်လို့ လူအများကထင်မိမှာပါ။

ဒါပေမဲ့ နတ်သမီးရေတံခွန်လို့ ခေါ်ရတဲ့အကြောင်းရင်းက အဲဒီလိုမျိုးမဟုတ်ပါဘူး။ ၁၉၃၇ ခုနှစ် တုန်းက အမေရိကန်နိုင်ငံသားလေယာဉ်မောင်းတစ်ဦးဟာ အဲဒီနတ်ဆိုးတောင်ပေါ်မှာ လေယာဉ် ပျက်ကျဖူးပါတယ်။အဲဒီ  လေယာဉ်မောင်းရဲ့အမည်က ဂျိမ်းခရောဖို့အိန်ဂျယ်လို့ခေါ်ပါတယ်။ တချို့ကလည်း ဂျင်မီအိန်ဂျယ်လို့ခေါ်ပါတယ်။ ဂျင်မီအိန်ဂျယ်ကြောင့်    အဲဒီရေတံခွန်ဟာ လူသိများလာပြီးနောက်ပိုင်းမှာ   အိန်ဂျယ်ရေတံခွန် (နတ်သမီးရေတံခွန်)  ရယ်လို့ ပြောစမှတ် တွင်လာတာဖြစ်ပါတယ်။ ရေတံခွန်ပေါ်ကနေ ရေတွေကျလာတာကိုမြင်ရပေမယ့်လည်း    မြင်ရ တဲ့ရေတွေအားလုံးဟာ ရေတံခွန်အောက်ကို ရောက်သွားတာမဟုတ်ပါဘူး။ တစ်စိတ်တစ်ပိုင်း မျှသာရောက်သွားတာဖြစ်ပါတယ်။

ဘာကြောင့် ဒီလိုပြောရတာလဲဆိုရင် ရေဟာတစ်ကီလိုမီတာနီးပါးအမြင့်ရှိတဲ့ လေထုကို ဖြတ်သန်းလိုက်ရတာကြောင့် အများစုဟာ  ရေခိုးရေငွေ့တွေအဖြစ်နဲ့ လေထဲမှာ ပျောက်ကွယ် သွားတာကြောင့်ဖြစ်ပါတယ်။ နတ်သမီးရေတံခွန်ဟာ အမြဲတမ်းတော့ရေစီးဆင်းနေတာ မဟုတ် ပါဘူး။ နွေရာသီတွေမှာဆိုရင် ရေစီးဆင်းမှုမရှိသလောက်နည်းပါးပြီး မိုးရွာတဲ့အချိန်ကျမှသာ ရေစီးဆင်းတာဖြစ်ပါတယ်။