ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပြည်သူများအား ဆက်လက် ထိုးနှံပေးလျက်ရှိ

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပြည်သူများအား ဆက်လက် ထိုးနှံပေးလျက်ရှိ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိနေသည့်ပြည်သူများအား  ဒုတိယအကြိမ် ပြန်လည်၍ ကာကွယ်ဆေး ထိုးနှံရန် နတ်မောက်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုး စုရပ်များဖြစ်သည့် မြို့နယ် မိခင်နှင့်ကလေး   ကျန်းမာရေးဌာနနှင့် စိုင်ကောင်းကျေးရွာ အခြေခံပညာအထက် တန်းကျောင်းတို့တွင် ကာကွယ်ဆေးထိုးပေးခြင်း လုပ်ငန်းများကို ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနိုင်ရန် ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

နတ်မောက်မြို့နယ်၌    ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများကို  စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ  ကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများအတွက် ဒုတိယအကြိမ် ကာကွယ်ဆေး ပြန်လည်ထိုးနှံပေးရန်  ဆေးပုလင်းအလုံးရေ   ၃၂ဝဝ   လုံးရရှိပြီး ဒီဇင်ဘာ ၂၂ ရက်မှ ဇန်နဝါရီ ၃ ရက်အထိ ဆေးထိုးနှံပြီးသူ  ၇၄၉၅  ဦးတို့အား  ကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။

နတ်မောက်မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးရန် ကျန်ရှိနေသည့်ပြည်သူများအား ဆေးထိုးစုရပ် အသီးသီးတွင် ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများက စဉ်ဆက်မပြတ် ဆေးထိုးနှံပေးလျက် ရှိကြောင်း     သိရသည်။