မိုးနဲမြို့နယ်၌ ဆောင်းသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း၍ စီးပွားဖြစ် စိုက်ပျိုးသူများ အပိုဝင်ငွေရရှိ

မိုးနဲမြို့နယ်၌ ဆောင်းသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း၍ စီးပွားဖြစ် စိုက်ပျိုးသူများ အပိုဝင်ငွေရရှိ

ရှမ်းပြည်နယ်(တောင်ပိုင်း)  လင်းခေး ခရိုင် မိုးနဲမြို့နယ်၌ အများပြည်သူ နေ့စဉ် စားသုံးလျက်ရှိသည့် အသီးအနှံများအနက် ဆောင်းရာသီ သီးနှံပင်များဖြစ်သည့်  မုန် ညင်း၊ ငရုတ်ပွ၊ ဂေါ်ဖီထုပ်နှင့် ပန်းမုန်လာပင်များကို နမ့်မော်ဆွမ့်ကျေးရွာ အုပ်စုအတွင်း

ရှိ  ခြံစိုက်တောင်သူများက   စီးပွားဖြစ်စိုက်ပျိုးကြရာ   အထွက်နှုန်းကောင်းမွန်ပြီး ဈေးကောင်းရရှိသဖြင့် စိုက်ပျိုးသူများ မိသားစု အပိုဝင်ငွေရရှိကာ အဆင်ပြေလျက် ရှိကြောင်း သိရသည်။

မိုးနဲမြို့နယ်အတွင်း အဆိုပါ သီးနှံပင်များကို အများအပြား စိုက်ပျိုးကြပြီး မြေဆီ မြေသြဇာကြွယ်ဝစေရန် နွားချေးနှင့် မြေဆွေး ထည့်မွှေပေးရကြောင်းနှင့် အအေးကြိုက်သော သီးနှံအမျိုးအစားများဖြစ်၍ ဆောင်းရာသီတွင်  ပိုမိုစိုက်ပျိုး ဖြစ်ထွန်းကြောင်း သီးနှံစိုက်တောင်သူ နန်းအေးအောင်ကပြောသည်။

သီးနှံပင်များစိုက်ပျိုးရာတွင်  ဆောင်း ရာသီအစ နိုဝင်ဘာလဆန်းပိုင်းက စတင် စိုက်ပျိုးခဲ့ရာ ယခုအခါ ဆွတ်ခူးရောင်းချ နိုင်ပြီဖြစ်ပြီး ဟင်းစားပင်များကို အပင်လိုက် နုတ်၍   ရောင်းချကြကြောင်း၊   မုန်ညင်း တစ်ပင်လျှင် ငွေကျပ် ၂ဝဝ မှ ၃ဝဝ အထိ ဈေးရရှိပြီး ငရုတ်ပွတစ်လုံးလျှင် ငွေကျပ် ၁ဝဝ ခန့်၊ ဂေါ်ဖီတစ်ထုပ်လျှင် ငွေကျပ် ၅ဝဝ ခန့်၊ ပန်းမုန်လာတစ်ပွင့်လျှင် ငွေကျပ်  ၈ဝဝ ခန့်ရောင်းချရကာ စီးပွားဖြစ် စိုက်ပျိုးသူများ အပိုဝင်ငွေရရှိကြကြောင်း သိရသည်။