ယနေ့ဓာတ်ခွဲနမူနာ စုစုပေါင်း   ၈၈၂၂ ခုအား စစ်ဆေးခဲ့ရာ ပိုးတွေ့လူနာသစ် ၁၃၇ ဦးတွေ့ရှိ ၊ ရောဂါပိုးတွေ့ရှိမှု ၁ ဒသမ ၅၅ ရာခိုင်နှုန်းရှိ

ယနေ့ဓာတ်ခွဲနမူနာ စုစုပေါင်း   ၈၈၂၂ ခုအား စစ်ဆေးခဲ့ရာ ပိုးတွေ့လူနာသစ် ၁၃၇ ဦးတွေ့ရှိ ၊ ရောဂါပိုးတွေ့ရှိမှု ၁ ဒသမ ၅၅ ရာခိုင်နှုန်းရှိ

နေပြည်တော်  ဇန်နဝါရီ  ၉

ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင် ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေး လုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန် လိုအပ်ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံမှုခံယူခြင်းအား အထူးဂရုပြုပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်သည်။

ကိုဗစ်-၁၉ သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ် ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစမ်းသပ် စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိပြီး    ၈-၁-၂ဝ၂၂ ရက် ည ၈ နာရီမှ ၉-၁-၂ဝ၂၂ ရက် ည ၈  နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၈၈၂၂ ခုအား  စစ်ဆေးပြီးစီးခဲ့ရာ  ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၁၃၇ ဦးတွေ့ရှိရသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုး တွေ့ရှိမှုရာခိုင်နှုန်းမှာ ၁ ဒသမ ၅၅ ရာခိုင်နှုန်းရှိသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၆၁၃၁၇၇၆ ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြု လူနာစုစုပေါင်း ၅၃၂ဝ၆၂ ဦးရှိပြီဖြစ်သည်။

ယနေ့တွင် ဆေးရုံဆင်းခွင့် ရရှိသူ ၁၇၈ ဦးဖြစ်သဖြင့် ယနေ့အထိစုစုပေါင်း ၅၁ဝ၁၂၈ ဦး ဆေးရုံမှဆင်းခွင့် ရရှိပြီးဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါဖြင့် ထပ်မံသေဆုံးသူ တစ်ဦးရှိသဖြင့် ယနေ့အထိ သေဆုံးသူ စုစုပေါင်း ၁၉၂၉၁ ဦးရှိသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး အတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဦးတည်အုပ်စုများ သတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ ၈-၁-၂ဝ၂၂ ရက်နေ့အထိ လူဦးရေ စုစုပေါင်း ၂၁ဝ၁၇ဝ၂၆ ဦးအား ထိုးနှံပေးပြီးဖြစ်၍ ကာကွယ်ဆေးနှစ်ကြိမ် အပြည့် ထိုးနှံပြီးစီးသူ ၁၆၅၉၃၄၄ဝ ဦးနှင့်ပထမအကြိမ် ထိုးနှံပြီးစီးသူ ၄၄၂၃၅၈၆ ဦးရှိပြီ ဖြစ်သည်။ သို့ဖြစ်ပါ၍ ၈-၁-၂ဝ၂၂ ရက်အထိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ရေ     စုစုပေါင်း ၃၇၆၁ဝ၄၆၆ ကြိမ်ထိုးနှံပြီးဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။