ကျိုက်မရောမြို့နယ်၌  ကြက်ဟင်းခါးသီးပင်များ အောင်မြင်ဖြစ်ထွန်း

ကျိုက်မရောမြို့နယ်၌  ကြက်ဟင်းခါးသီးပင်များ အောင်မြင်ဖြစ်ထွန်း

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ဘိန်းဗျောကျေးရွာ၌ ရာသီမရွေး စိုက်ပျိုးနိုင်သည့် ကြက်ဟင်းခါးပင်များကို စီးပွားဖြစ်စိုက်ပျိုးကြရာ အောင်မြင်ဖြစ်ထွန်းပြီး မိသားစုစီးပွားရေး အဆင်ပြေလျက်ရှိကြောင်း ဘိန်းဗျောကျေးရွာမှ ကြက်ဟင်းခါးသီးစိုက်ပျိုးရောင်းချသူ  ဦးစည်သူထံမှ သိရသည်။

အဆိုပါကြက်ဟင်းခါးသီး ပင်များကို နိုဝင်ဘာလဆန်းမှ စတင်စိုက်ပျိုးကြသည်။ ကြက်ဟင်းခါးပင်အား အစေ့မှပျိုး၍ အညွန့်တက်လာပါက စင်ပေးကာ စနစ်တကျ စိုက်ပျိုးပြီး    ဇန်နဝါရီလ ပထမပတ်တွင် စတင်ခူးနှံနိုင်ပြီဖြစ်သည်။

ကြက်ဟင်းခါးသီး တစ်လုံးလျှင် ငွေကျပ် ၂ဝဝ ရရှိကာ တစ်နေ့လျှင်အလုံးရေ ၃ဝဝ မှ ၄ဝဝ အထိခူးနှံနိုင်ပြီး သုံးရက်ခြား တစ်ကြိမ်ခူးနှံရကြောင်း၊ တစ်ကြိမ်ခူးလျှင် ငွေကျပ် ခုနစ်သောင်းရရှိကာ တစ်လလျှင် ငွေကျပ် တစ်သိန်းကျော် ရရှိသဖြင့် တစ်နှစ်ပတ်လုံး စိုက်ပျိုးရောင်းချနိုင်ပြီး  နေ့စဉ်ပုံမှန်ငွေ ရရှိသည့်အတွက် မိသားစုများ စားဝတ်နေရေးအဆင်ပြေလျက် ရှိကြောင်း သိရသည်။