လွိုင်လင်မြို့နယ်တွင် ငွေကျပ် ၁၇ ဒသမ ၃ ဘီလီယံကျော် တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း)များ သိမ်းဆည်းရမိ

လွိုင်လင်မြို့နယ်တွင် ငွေကျပ် ၁၇ ဒသမ ၃ ဘီလီယံကျော် တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း)များ သိမ်းဆည်းရမိ

နေပြည်တော်  ဇန်နဝါရီ  ၁ဝ

လွိုင်လင်မြို့နယ်တွင် ငွေကျပ် ၁၇ ဒသမ ၃ ဘီလီယံကျော်တန်ဖိုးရှိ   အိုက်စ်(မက်သ်အဖက်တမင်း)များ သိမ်းဆည်း ရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ  တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၇ ရက် ည ၆ နာရီခန့်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့နယ် လွိုင်လင်-တောင်ကြီးသွား ကားလမ်း ဟိုတင့်ကျေးရွာအနီး၌ လွိုင်လင်မှ တောင်ကြီးဘက်သို့    မြင့်စိုးမောင်းနှင်ပြီး ကျော်စိုင်း(ခ)အားကျုံး လိုက်ပါလာသည့် ISUZU  ၁၂ ဘီး    မော်တော်ယာဉ်အား သတင်းအရ ရှာဖွေရာ ယာဉ်ပေါ်မှ အိုက်စ်(မက်သ်အဖက်တမင်း)၆၃၅ ကီလို သိမ်းဆည်းရမိခဲ့ပြီး သတင်းကွင်းဆက်အရ ည ၇ နာရီခန့်တွင် လွိုင်လင်-တောင်ကြီးသွား ကားလမ်းချိုခမ်းကျေးရွာနှင့် မိုင်းပွန်ကျေးရွာကြား၌ သက်ဇူးမောင်းနှင်ပြီး ဇေခေါင် လိုက်ပါလာသည့် ISUZU ၁၂ ဘီး မော်တော်ယာဉ်အား ဆက်လက်ရှာဖွေရာ ယာဉ်ပေါ်မှ အိုက်စ်(မက်သ်အဖက်တမင်း) ကီလို ၆ဝ၃ ထပ်မံသိမ်းဆည်း ရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်များအရ ည ၈ နာရီခန့်တွင် မူးယစ်ဆေးဝါးများ သယ်ဆောင်ရာ၌    ပူးပေါင်းပါဝင်သူများဖြစ်ကြသည့်    ကိုအောင်(ခ)နော်တောင်နှင့်    မာလ(ခ)ရှရွယ်တို့အား လွိုင်လင်မြို့အဝင် တိုးဂိတ်အနီး၌ ှုံဲနွှ မော်တော်ယာဉ်တစ်စီးနှင့် အတူ ဆက်လက်ဖမ်းဆီး ရမိခဲ့သဖြင့် စုစုပေါင်း ကာလတန်ဖိုး

ငွေကျပ်  ၁၇ ဒသမ ၃ ဘီလီယံကျော် တန်ဖိုးရှိ  အိုက်စ် (မက်သ်အဖက်တမင်း) ၁၂၃၈ ကီလိုသိမ်းဆည်း ရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း)များအား တန့်ယန်းမြို့နယ်  မိုင်းကောင်မှ တောင်ကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့ ခြောက်ဦးအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။