နတ်မောက်မြို့နယ် လဲဘူးကျေးရွာ၌ ဖျာရက် လုပ်ငန်းကို နှစ်စဉ် အစဉ်အလာမပျက် ထိန်းသိမ်း လုပ်ကိုင်

နတ်မောက်မြို့နယ် လဲဘူးကျေးရွာ၌ ဖျာရက် လုပ်ငန်းကို နှစ်စဉ် အစဉ်အလာမပျက် ထိန်းသိမ်း လုပ်ကိုင်

မကွေးတိုင်းဒေသကြီး  နတ်မောက်မြို့ နယ် လဲဘူးကျေးရွာရှိ ဒေသခံပြည်သူများ သည် မိရိုးဖလာ မိသားစုတစ်နိုင်တစ်ပိုင် လုပ်ငန်းဖြစ်သည့်    ဖျာရက်လုပ်ငန်းကို နှစ်စဉ် အစဉ်အလာမပျက် ထိန်းသိမ်း လုပ်ကိုင်ကြသဖြင့် မိသားစုများ စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ဖျာရက်လုပ်ငန်း လုပ်ကိုင်ရန် ကုန်ကြမ်းဖြစ်သည့်  ဝါးနှီးများကို  ပေါက်ခေါင်း၊ စလင်း၊  စကုမြို့နယ်တို့မှ  ဝယ်ယူရရှိကြောင်း၊  နှီးအမျိုးအစား  သုံးမျိုးရှိပြီး ကုန်ချောအဖြစ် နှီးချောဖျာ၊ နှီးအူဖျာ၊ ရိုင်လိပ်များ ရက်လုပ်ကာ နတ်မောက်၊ ပျော်ဘွယ်၊ မန္တလေး၊ မြင်းခြံနှင့် စစ်ကိုင်း မြို့တို့တွင် ဖောက်သည်ပေးရောင်းချကြ ကြောင်း သိရသည်။

လဲဘူးကျေးရွာမှထွက်ရှိသည့် ဖျာများ၏     လက်ကားဈေးနှုန်းများ အနေဖြင့်   နှီးချောဖျာ အသေးတစ်ချပ်လျှင်  ငွေကျပ်  ၆ဝဝဝ၊  နှီးချောဖျာအကြီးတစ်ချပ်လျှင် ငွေကျပ် ၁ဝဝဝဝ၊ နှီးအူဖျာတစ်ချပ်လျှင် ငွေကျပ် ၃၅ဝဝ နှင့် ရိုင်လိပ်တစ်လိပ်လျှင် ငွေကျပ် ၃၅ဝဝ အသီးသီး ရှိသည်။ အဆိုပါ ဖျာရက်လုပ်ငန်းကို တန်ဆောင်မုန်းလမှ တန်ခူးလအထိ  နှစ်စဉ်အစဉ်အလာမပျက်  မိသားစုများ တစ်နိုင်တစ်ပိုင် လုပ်ကိုင်ကြခြင်းကြောင့် အပိုဝင်ငွေရရှိကာ  စီးပွားရေး အဆင်ပြေလျက် ရှိကြောင်း သိရသည်။