အေးသာယာမြို့နှင့် ရွှေညောင်မြို့တို့ရှိ အခြေခံပညာကျောင်းများသို့ COVID-19 ရောဂါ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများ ပေးအပ်လှူဒါန်း

နေပြည်တော်၊ သြဂုတ် - ၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အေးသာယာမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် ရွှေညောင်မြို့၊ မင်္ဂလာအောင်မြေရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းသို့ COVID-19 ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းများ၌ ပြုလုပ်ရာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်လင်းအောင်နှင့် အဖွဲ့ဝင်များ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာတိုင်းမှူးက အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက်တိုင်းမှူးက COVID-19 ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ဖြစ်သည့် Mask ၂၄၀၀ ခုနှင့် Hand Gel ၂၀၀ ဘူးတို့ကို ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ကြီးများက လက်ခံရယူကြသည်။ ယင်းနောက်တိုင်းမှူးနှင့် အဖွဲ့ဝင်များက တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။