ပီအက်စ်ဂျီအသင်းမှ ထွက်ခွာရန် ပြင်ဆင်နေသည့် တိုက်စစ်မှူး အမ်ဘတ်ပီ၏ နေရာ၌ ချယ်လ်ဆီးအသင်းနှင့် အဆင်မပြေဖြစ်နေသော လူကာကူကို ခေါ်ယူရန် စီစဉ်

ပီအက်စ်ဂျီအသင်းမှ ထွက်ခွာရန် ပြင်ဆင်နေသည့် တိုက်စစ်မှူး အမ်ဘတ်ပီ၏ နေရာ၌ ချယ်လ်ဆီးအသင်းနှင့် အဆင်မပြေဖြစ်နေသော လူကာကူကို ခေါ်ယူရန် စီစဉ်

ပီအက်စ်ဂျီအသင်းက ယခုဘောလုံးရာသီ ကုန်ချိန်တွင် အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာရန်ပြင်ဆင်နေသည့် တိုက်စစ်မှူး အမ်ဘတ်ပီ၏ နေရာ၌ အစားထိုးရန်  ချယ်လ်ဆီးအသင်းနှင့် အဆင်မပြေဖြစ်နေသော လူကာကူကို  ခေါ်ယူရန် စီစဉ်နေကြောင်း သိရသည်။

လူကာကူသည် ပြီးခဲ့သည့် နွေရာသီကစားသမား အပြောင်းအရွှေ့ကာလက  အင်တာမီလန်အသင်းမှ ချယ်လ်ဆီးအသင်းသို့ စတာလင်ပေါင် ၉၇ သန်းဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ရာသီအစပိုင်းက  ခြေစွမ်းပြနိုင်သော်လည်း နောက်ပိုင်းပွဲစဉ်များတွင် ခြေစွမ်းပြနိုင်ရန် ရုန်းကန်နေရသူဖြစ်သည်။

လူကာကူသည် အင်တာဗျူး အစီအစဉ်တစ်ခုတွင် အသင်း၌  မပျော်မရွှင်ဖြစ်နေသည့် အကြောင်းနှင့် နည်းပြတူချယ်၏ နည်းစနစ်များကို ယုံကြည်မှုမရှိဟု လူသိရှင်ကြား ပြောကြားခဲ့ပြီးနောက်ပိုင်း  ချယ်လ်ဆီးအသင်းနှင့် လူကာကူတို့ ဆက်ဆံရေးမှာ   ပိုမိုဆိုးရွားလာခဲ့ပြီး နည်းပြတူချယ်၏ အသင်းပွဲထွက် စာရင်းမှပင် ချန်လှပ်ခံခဲ့ရသည်။

ချယ်လ်ဆီးအသင်းက  လက်ရှိ  ဇန်နဝါရီကစားသမား အပြောင်းအရွှေ့ကာလတွင် လူကာကူကို ရောင်းချမည်မဟုတ်သော်လည်း   လာမည့် နွေရာသီကစားသမား အပြောင်းအရွှေ့ကာလတွင် ရောင်းချဖွယ်ရှိနေပြီး ပီအက်စ်ဂျီအသင်းကလည်း လူကာကူကို ပြောင်းရွှေ့ကြေး   စတာလင်ပေါင် ၇၅ ဒသမ ၅ သန်းအထိ ပေးချေဖွယ်ရှိကြောင်း သိရသည်။