ဂျူဗင်တပ်စ်အသင်း တောင်ပံကစားသမား ချီယေဆာ ဒူးဒဏ်ရာ ခွဲစိတ်ကုသမှု ခံယူရမည် ဖြစ်သည့်အတွက် ယခုဘောလုံး ရာသီကုန်ချိန်အထိ အနားယူရမည်

ဂျူဗင်တပ်စ်အသင်း တောင်ပံကစားသမား ချီယေဆာ ဒူးဒဏ်ရာ ခွဲစိတ်ကုသမှု ခံယူရမည် ဖြစ်သည့်အတွက် ယခုဘောလုံး ရာသီကုန်ချိန်အထိ အနားယူရမည်

ဂျူဗင်တပ်စ်အသင်း  တောင်ပံကစားသမား တစ်ဦးဖြစ်သည့် ချီယေဆာသည် ဒူးဒဏ်ရာခွဲစိတ် ကုသမှု ခံယူရမည်ဖြစ်သည့်အတွက်  ယခုဘောလုံး ရာသီကုန်ချိန်အထိ အနားယူရမည် ဖြစ်ကြောင်း သိရသည်။

အသက် ၂၄ နှစ်အရွယ် ချီယေဆာသည် ဇန်နဝါရီ ၁ဝ ရက်က  ကစားသော  ဂျူဗင်တပ်စ်အသင်းက ရိုးမားအသင်းကို ၄ ဂိုး-၃ ဂိုးဖြင့်  အနိုင်ရရှိခဲ့သည့် ပွဲစဉ်၌ ပွဲချိန် ၃၂ မိနစ်တွင် ဒူးဒဏ်ရာ ရရှိခဲ့ပြီးနောက်  ဆက်လက်ကစားနိုင်ခြင်း မရှိသည့်အတွက် ကူလူဆက်စကီးနှင့် လူစားလဲ ထွက်ခွာခဲ့ရခြင်းဖြစ်သည်။

ချီယေဆာသည် အစောပိုင်းက ဒဏ်ရာမှာ ပြင်းထန်ခြင်း မရှိသည့်အတွက် ကာလတစ်ခုအထိ အနားယူပြီးလျှင် ပြန်လည် ပွဲထွက်နိုင်လိမ့်မည်ဟု ခန့်မှန်းထား သော်လည်း ဒဏ်ရာကို အသေးစိတ် စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက်  ဒဏ်ရာမှာ ခွဲစိတ်ကုသမှု ခံယူရမည်ဖြစ်သည့်အတွက်  ယခုဘောလုံးရာသီ ကုန်ချိန်အထိ ကာလရှည် အနားယူရမည်ဖြစ်သည်။

ဂျူဗင်တပ်စ်အသင်းက ''ချီယေဆာရဲ့ ဒဏ်ရာနဲ့ ပတ်သက်ပြီး အသေးစိတ် စစ်ဆေးမှုတွေပြုလုပ်ပြီးပါပြီ။ ဒဏ်ရာက ခွဲစိတ်ကုသဖို့ လိုအပ်နေလို့ မကြာခင် ခွဲစိတ်ကုသမှုခံယူရမှာပါ။  ဒါကြောင့်  ချီယေဆာအနေနဲ့ ယခုဘောလုံးရာသီ ကုန်ချိန်အထိ အနားယူရမှာဖြစ်တဲ့အတွက် အသင်းရဲ့ပွဲစဉ်တွေကို လွဲချော်ရတော့မှာပါ'' ဟု ထုတ်ပြန်ခဲ့သည်။

ချီယေဆာအနေဖြင့် ဒူးဒဏ်ရာခွဲစိတ်ကုသမှုခံယူ ရမည်ဖြစ်၍  ယခုဘောလုံးရာသီတွင်  ရလဒ်ပိုင်း မတည်ငြိမ်မှုများကြောင့် ရုန်းကန်နေရသည့် ဂျူဗင်တပ်စ်အသင်း အတွက် ထိုးနှက်ချက်များ ဖြစ်လာစေသည့်အပြင်  လာမည့်မတ်လအတွင်း  ကစားရမည့် အီတလီအသင်းနှင့်အတူ ကမ္ဘာ့ဖလား ခြေစစ်ပွဲကိုပါ လွဲချော်ရမည်ဖြစ်ရာ  အီတလီ အသင်းအတွက်ပါ   ထိုးနှက်ချက်များ ဖြစ်လာဖွယ်ရှိကြောင်း သိရသည်။