ယနေ့ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၁၅၂၉ ခုအား စစ်ဆေးခဲ့ရာ ပိုးတွေ့လူနာသစ်၁၅၁ ဦးတွေ့ရှိ ရောဂါပိုး တွေ့ရှိမှု ၁ ဒသမ ၃၁ ရာခိုင်နှုန်းရှိ

ယနေ့ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၁၅၂၉ ခုအား စစ်ဆေးခဲ့ရာ ပိုးတွေ့လူနာသစ်၁၅၁ ဦးတွေ့ရှိ ရောဂါပိုး တွေ့ရှိမှု ၁ ဒသမ ၃၁ ရာခိုင်နှုန်းရှိ

နေပြည်တော်  ဇန်နဝါရီ  ၁၂

ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင် ရွက်လျက်ရှိသည်။

ကိုဗစ်-၁၉ သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြု လူနာနှင့် အနီးကပ် ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲ စမ်းသပ်စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိပြီး    ၁၁-၁-၂ဝ၂၂ ရက် ည ၈ နာရီမှ ၁၂-၁-၂ဝ၂၂ ရက် ည ၈  နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၁၅၂၉ ခုအား  စစ်ဆေးပြီးစီးခဲ့ရာ  ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၁၅၁ ဦးတွေ့ရှိရသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုး တွေ့ရှိမှုရာခိုင်နှုန်းမှာ ၁ ဒသမ ၃၁ ရာခိုင်နှုန်း ရှိသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၆၁၆၄၆၇၉ ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြု လူနာစုစုပေါင်း ၅၃၂၅၅၃ ဦးရှိပြီဖြစ်သည်။

ယနေ့တွင် ဆေးရုံဆင်းခွင့် ရရှိသူ ၃၃၄ ဦးဖြစ်သဖြင့် ယနေ့အထိစုစုပေါင်း ၅၁ဝ၈ဝ၆ ဦး ဆေးရုံမှဆင်းခွင့် ရရှိပြီးဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါဖြင့် ထပ်မံသေဆုံးသူ နှစ်ဦးရှိသဖြင့် ယနေ့အထိ သေဆုံးသူ စုစုပေါင်း ၁၉၂၉၇ ဦးရှိသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဦးတည်အုပ်စုများ သတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ ၁၁-၁-၂ဝ၂၂ ရက်နေ့အထိ လူဦးရေ စုစုပေါင်း ၂၁၁၅၉၂၃၃ ဦးအား ထိုးနှံပေးပြီးဖြစ်၍ ကာကွယ်ဆေးနှစ်ကြိမ် အပြည့် ထိုးနှံပြီးစီးသူ ၁၆၉၉၆၈ဝ၈ ဦးနှင့် ပထမအကြိမ် ထိုးနှံပြီးစီးသူ ၄၁၆၂၄၂၅ ဦး ရှိပြီဖြစ်သည်။ သို့ဖြစ်ပါ၍ ၁၁-၁-၂ဝ၂၂ ရက်အထိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ရေ     စုစုပေါင်း ၃၈၁၅၆ဝ၄၁ ကြိမ်ထိုးနှံပြီးဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။