အာဆင်နယ်အသင်းက ဖီအိုရင်တီးနား အသင်းမှ တိုက်စစ်မှူး ဗလာဟိုဗစ်ချ်အတွက် ပြောင်းရွှေ့ကြေး စတာလင်ပေါင် သန်း ၁၅ဝ နီးပါး အသုံးပြုရဖွယ်ရှိနေ

အာဆင်နယ်အသင်းက ဖီအိုရင်တီးနား အသင်းမှ တိုက်စစ်မှူး ဗလာဟိုဗစ်ချ်အတွက် ပြောင်းရွှေ့ကြေး စတာလင်ပေါင် သန်း ၁၅ဝ နီးပါး အသုံးပြုရဖွယ်ရှိနေ

အာဆင်နယ်အသင်းက အသင်း တိုက်စစ်ပိုင်းအတွက် ဖီအိုရင်တီးနား အသင်းမှ  ဗလာဟိုဗစ်ချ်ကို  ခေါ်ယူရန်  ဆွေးနွေးမှုများ ပြုလုပ်နေသော်လည်း  ၎င်းအတွက် မြင့်မားသော ငွေကြေးဖြစ်သည့် စတာလင်ပေါင် သန်း ၁၅ဝ နီးပါး အသုံးပြုရဖွယ်ရှိကြောင်း သိရသည်။

အာဆင်နယ်အသင်းသည် အသင်းမှ အူဘာမီယန်း၊ လာကာဇက်တီအစရှိသည့် ကစားသမားများကို လက်လွှတ်ရမည်ဖြစ်သည့် အတွက် ဗလာဟိုဗစ်ချ်ကို ဥရောပ ထိပ်တန်းအသင်းကြီးနှင့် အပြိုင် ခေါ်ယူရန်ဆွေးနွေး မှုများ ပြုလုပ်လျက်ရှိသည်။

ဖီအိုရင်တီးနားအသင်းက ဗလာဟိုဗစ်ချ်အတွက် ပြောင်းရွှေ့ကြေးကို စတာလင်ပေါင် ၅၈ သန်း သတ်မှတ်ထားပြီး   ကစားသမား အေးဂျင့်အဖွဲ့ ဘက်ကလည်း ဗလာဟိုဗစ်ချ် အတွက်  တစ်ပတ်လုပ်ခကို  စတာလင် ပေါင် ၃ဝဝဝဝဝ အထိ သတ်မှတ်ထားသည့် အပြင် အေးဂျင့် အဖွဲ့အတွက်လည်း စတာလင်ပေါင် ၁၅ သန်း ထပ်မံပေးချေရမည်ဟု  သတ်မှတ်ထားသည့်အတွက် ဗလာဟိုဗစ်ချ်ကို ခေါ်ယူလိုပါက   အာဆင်နယ်အသင်း အနေဖြင့် စုစုပေါင်း စတာလင်ပေါင် သန်း ၁၅ဝ နီးပါး အသုံးပြုရဖွယ်ရှိနေသည်။

သို့သော် အာဆင်နယ် အသင်းအနေဖြင့် ဘဏ္ဍာရေး စည်းမျဉ်းများအရ စတာလင်ပေါင် သန်း ၂ဝဝ အထိ အသုံးပြုခွင့်ရှိနေသည့် အတွက် အာဆင်နယ် အသင်းက ဆွေးနွေးမှုများ  ဆက်လက် ပြုလုပ်နေခြင်း ဖြစ်ကြောင်း သိရသည်။