ယနေ့ဓာတ်ခွဲနမူနာ စုစုပေါင်း ၁ဝ၈၂၃ ခုအား စစ်ဆေးခဲ့ရာ ပိုးတွေ့လူနာသစ် ၁၇၂ ဦးတွေ့ရှိ၊ ရောဂါပိုးတွေ့ရှိမှု ၁ ဒသမ ၅၉ ရာခိုင်နှုန်းရှိ

ယနေ့ဓာတ်ခွဲနမူနာ စုစုပေါင်း ၁ဝ၈၂၃ ခုအား စစ်ဆေးခဲ့ရာ ပိုးတွေ့လူနာသစ် ၁၇၂ ဦးတွေ့ရှိ၊ ရောဂါပိုးတွေ့ရှိမှု ၁ ဒသမ ၅၉ ရာခိုင်နှုန်းရှိ

နေပြည်တော်  ဇန်နဝါရီ  ၁၃

ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ သံသယ လူနာများ၊ ဓာတ်ခွဲအတည်ပြု လူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစမ်းသပ် စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိပြီး  ၁၂-၁-၂ဝ၂၂ ရက် ည ၈ နာရီမှ ၁၃-၁-၂ဝ၂၂ ရက် ည ၈  နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၁ဝ၈၂၃ ခုအား  စစ်ဆေးပြီးစီးခဲ့ရာ  ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၁၇၂ ဦးတွေ့ရှိရသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ ၁ ဒသမ ၅၉ ရာခိုင်နှုန်းရှိသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၆၁၇၅၅ဝ၂ ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြု လူနာစုစုပေါင်း ၅၃၂၇၂၅ ဦးရှိပြီဖြစ်သည်။

ယနေ့တွင် ဆေးရုံဆင်းခွင့် ရရှိသူ ၇၇ ဦး ဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း ၅၁ဝ၈၈၃ ဦး ဆေးရုံမှဆင်းခွင့် ရရှိပြီးဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါဖြင့် ထပ်မံသေဆုံးသူ  တစ်ဦးရှိသဖြင့် ယနေ့အထိ သေဆုံးသူ စုစုပေါင်း ၁၉၂၉၈  ဦးရှိကြောင်း   ကျန်းမာရေးဝန်ကြီးဌာနက   သတင်း ထုတ်ပြန်ထားသည်။