တရားမဝင်သစ်မျိုးစုံ၊ လိုင်စင်မဲ့ယာဉ်များနှင့် လူသုံးကုန်ပစ္စည်းများ ဖမ်းဆီးရမိ

တရားမဝင်သစ်မျိုးစုံ၊ လိုင်စင်မဲ့ယာဉ်များနှင့် လူသုံးကုန်ပစ္စည်းများ ဖမ်းဆီးရမိ

နေပြည်တော်  ဇန်နဝါရီ  ၁၃

တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့် အညီ ထိရောက်စွာတားဆီး အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ၈.၁.၂ဝ၂၂ ရက်တွင် ချင်းရွှေဟော်ကုန်သွယ်ရေး စခန်းတာဝန်ခံ ဦးဆောင်သည့် အဖွဲ့က ချင်းရွှေဟော်စခန်းအတွင်း   လုံခြုံရေးဂိတ်နှင့် ယာဉ်ငယ်စစ်အကြား နေရာ၌ စစ်ဆေးခဲ့ရာ ယာဉ်အထောက်အထား မှတ်တမ်းတင်ပြနိုင်ခြင်းမရှိသော ယာဉ်ငယ်ခုနစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၅ဝဝဝဝဝဝ)အား ဖမ်းဆီးရမိခဲ့သည်။

ဇန်နဝါရီ ၁၂ ရက်တွင် အကောက်ခွန် ဦးစီးဌာနက   မြန်မာစက်မှုဆိပ်ကမ်း ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ဆိုင်ကယ်အပို ပစ္စည်းများကို စစ်ဆေးခဲ့ရာ သွင်းကုန်ကြေညာလွှာတွင်    ကြေညာထားခြင်း မရှိသော ဆိုင်ကယ် အပိုပစ္စည်း ၁၃ မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁ဝ၄၇၅ဝဝဝဝ)၊ လူသုံးကုန်နှင့် အထွေထွေပစ္စည်း ငါးမျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၆၅၁၃ဝဝဝ)၊ ခေါင်းလျှော်ရည် ၄.၅ လီတာပါ ခြောက်ပုံး  (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈၈ဝဝဝဝ)   စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၄၁၄၃ဝဝဝ)အား သိမ်းဆည်းရမိခဲ့သည်။

ထို့အတူ  အကောက်ခွန် ဦးစီးဌာနက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကုန်လှောင်ရုံ၌ စစ်ဆေးခဲ့ရာ သွင်းကုန်ကြေညာလွှာတွင် ဖော်ပြထားခြင်း မရှိသည့် စင်ကာပူနိုင်ငံမှ တင်သွင်းလာသော  Sam-sung Galaxy 4 Phone (Used)  ၆၅ လုံးပါ သုံးဖာ  (ခန့်မှန်း တန်ဖိုးငွေကျပ် ၅၅၃၁ဝ၇၈ဝ)အား    သိမ်းဆည်းရမိခဲ့သည်။

အလားတူ  ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်  တိုင်းဒေသကြီး သစ်တောဦးစီးဌာနက ဦးဆောင်၍ ပူးပေါင်းအဖွဲ့များဖြင့် သတင်းအရ  သွားရောက်စစ်ဆေးခဲ့ရာ    ပုသိမ်မြို့နယ်  မကျီးဇင် ချောင်းဖျားနေရာတွင်    တရားမဝင် တောင်သရက်ခွဲသား   ၂.၇၅၅၂   တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၈၈၈ဝဝ) အား ဖမ်းဆီးရမိခဲ့သည်။

ထို့အတူ  ဇန်နဝါရီ ၁၃ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး  သစ်တောဦးစီးဌာနက ဦးဆောင်၍     ပူးပေါင်းအဖွဲ့များဖြင့် သတင်းအရ  သွားရောက်စစ်ဆေးခဲ့ရာ ပဲခူးနှင့်တောင်ငူခရိုင် သစ်တောကြိုးဝိုင်းများ အတွင်းရှိ တရားမဝင်ကျွန်းသစ် ၄.၂၆၄၆ တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၇၈၇၃၈ဝ) အား ဖမ်းဆီးရမိခဲ့သည်။

ထို့ပြင်   ဇန်နဝါရီ  ၁၂  ရက်တွင် မွန်ပြည်နယ်  တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းအဖွဲ့မှ သံလွင်တံတား (မော်လမြိုင်) စစ်ဆေးရေးဂိတ်နေရာတွင်  ခရီးသည်တင် ယာဉ်များပေါ်မှ  ပိတ်ဖြတ်စ  ၆၃ဝ ကီလိုဂရမ်   (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၃ဝဝဝဝ)၊ ကလေးဝတ်အင်္ကျီ ၃ဝဝ ထည် နှင့် အဝတ်အထည်ဟောင်း ၃၂ဝ ကီလိုဂရမ်(ခန့်မှန်းတန်ဖိုးငွေကျပ် ၇၈ဝဝဝဝ) စုစုပေါင်း   (ခန့်မှန်းတန်ဖိုးငွေ ကျပ် ၁၄၁ဝဝဝဝ)အား ဖမ်းဆီးရမိခဲ့သည်။

ထပ်မံ၍ ဇန်နဝါရီ ၁၃ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး  တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ရဲတပ်ဖွဲ့မှ စစ်ဆေးခဲ့ရာ  မော်လိုက်ခရိုင် ဖောင်းပြင်မြို့နယ်တွင် နံပါတ်မပါ LIFAN အမျိုးအစား   ထော်လာဂျီယာဉ်တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ်  ၂ဝဝဝဝဝ)နှင့် Canter အမျိုးအစား ခြောက်ဘီးယာဉ် (ခန့်မှန်း တန်ဖိုးငွေကျပ် ၁ဝဝဝဝဝဝ) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂ဝဝဝဝဝ)အား ဖမ်းဆီး ရမိခဲ့သည်။

သို့ပါ၍ ဇန်နဝါရီ ၈ ရက်တွင် ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ လိုင်စင်မဲ့ယာဉ် ခုနစ်စီး  (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅ဝဝဝဝဝဝ)၊ ဇန်နဝါရီ ၁၂ ရက်တွင် မြန်မာစက်မှုဆိပ်ကမ်း ကုန်သေတ္တာစစ်ဆေးရေး စခန်းမှ ဆိုင်ကယ်အပိုပစ္စည်းနှင့် လူသုံးကုန်ပစ္စည်း   (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၄၁၄၃ဝဝဝ)၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကုန်လှောင်ရုံမှ Samsung Galaxy 4 Phone  (Used) ၆၅ လုံး (ခန့်မှန်း တန်ဖိုးငွေကျပ် ၅၅၃၁ဝ၇၈ဝ)နှင့် မွန်ပြည်နယ်မှ  လူသုံးကုန်ပစ္စည်း သုံးမျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၄၁ဝဝဝဝ) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂ဝ၅၈၆၃၇၈ဝ)တို့အား အကောက်ခွန်ဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများအရ လည်းကောင်း၊ ဇန်နဝါရီ ၁၂ ရက်တွင် ဧရာဝတီတိုင်း ဒေသကြီးမှ တောင်သရက်ခွဲသား  ၂.၇၅၅၂  တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၆၈၈၈ဝဝ)နှင့် ဇန်နဝါရီ ၁၃ ရက်တွင် ပဲခူးတိုင်းဒေသကြီးမှ တရားမဝင် ကျွန်းသစ်(၄.၂၆၄၆)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၈၇၃၈ဝ) စုစုပေါင်း    ၇.ဝ၁၉၈   တန်  (ခန့်မှန်းတန်ဖိုးငွေကျပ်  ၁၄၇၆၁၈ဝ)  တို့အား သစ်တောဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများအရ လည်းကောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီးမှ လိုင်စင်မဲ့ ယာဉ်နှစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၂ဝဝဝဝဝ)အား   ပို့ကုန်သွင်းကုန် ဥပဒေအရ လည်းကောင်း အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး

ဦးဆောင်ကော်မတီ