တပ်ကုန်းမြို့နယ်ရှိ ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များအား တွေ့ဆုံ

နေပြည်တော်၊ သြဂုတ် - ၆

 

နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်အတွင်းရှိ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သောင်းထိုက်ရွှေနှင့် အဖွဲ့ဝင်များက တပ်ကုန်းမြို့နယ်၊ ကျားသေအိုင် ကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ သွားရောက်တွေ့ဆုံသည်။

 

ဦးစွာတိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးကာ အမယ် ၄ မျိုးဖြစ်သည့် ဆန်၊ ဆီ၊ ဆားနှင့် ပဲများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။