ရတနာမဉ္ဇူတံတားတည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

မန္တလေးတိုင်းဒေသကြီး      မိတ္ထီလာမြို့နယ်  ဆင်စလွယ်-ဥယျဉ်  ကျေးရွာချင်းဆက်လမ်းပေါ်ရှိ ရတနာ မဉ္စူတံတား တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်း ပြည့်ပြီးစီးပြီ ဖြစ်ကြောင်း တံတားတည်ဆောက်ရေး တာဝန်ခံထံမှ သိရသည်။

မိတ္ထီလာမြို့နယ်   မွေးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများနှင့် အနီးပတ်ဝန်းကျင်ကျေးရွာမှ ဒေသခံ ပြည်သူများ၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်း မာရေးအတွက်အသုံးပြုလျက်ရှိသော ဆင်စလွယ်-ဥယျဉ်  ကျေးရွာချင်းဆက်လမ်းပေါ်ရှိ ရတနာမဉ္စူတံတားမှာ ၂၀၂၁ ခုနှစ်   ဇူလိုင် ၁၅ ရက် ညတွင် မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းရေတိုက်စားမှုကြောင့် ကျိုးကျပျက်စီးခဲ့သည်။

ထိုသို့ ပျက်စီးခဲ့မှုကြောင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တိုင်းဒေသကြီးဘတ်ဂျက်ဖြင့်    အရှည်ပေ ၁၄၀၊ အကျယ် ၁၈ ပေရှိ  သံကူကွန်ကရစ်၊ သံပေါင်တံတားအမျိုးအစားကို   စက်တင်ဘာ ၁ ရက်မှစတင်ပြီး ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန  (တံတားတည်ဆောက်ရေးအဖွဲ့)နေပြည်တော်မှ    တာဝန်ယူ၍ တည်ဆောက်လျက်ရှိရာ  တံတားတည်ဆောက်ခြင်း လုပ်ငန်းမှာ  ယခုအခါ ရာနှုန်းပြည့်ပြီးစီးပြီ ဖြစ်ကြောင်း

သိရသည်။                                   

ဦးစိုး