ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်ထံသို့ ဘရူနိုင်းဒါရူဆလမ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး-၂ ဒါတို ဆရီ ဆတီယာ ဟာဂျီ အယ်ရီဝမ်ဘင်ပီဟင် ယူဆွတ်ထံမှပေးပို့သည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ

၂၀၂၂ ခုနှစ်၊ နှစ်သစ်အခါသမယတွင် အဆွေတော်နှင့် မိသားစုဝင်များထံသို့ ဆုမွန်ကောင်းများ ပို့သလျက် နွေးထွေးစွာ နှုတ်ခွန်းဆက်သအပ်ပါသည်။

မိမိ၏ အာဆီယံအထူးကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်မှုအပါအဝင် ဘရူနိုင်းဒါရူဆလမ်နိုင်ငံမှ အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့စဉ်ကာလအတွင်း အဆွေတော်၏ အားပေးပံ့ပိုးပေးမှုများအတွက် ကျေးဇူးတင်ရှိပြီး မိမိတို့ နှစ်နိုင်ငံအကြားသာမက နီးကပ်သည့် ဒေသတွင်းမိတ်ဖက်နိုင်ငံများအဖြစ်ပါ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားနိုင်ရန် မျှော်လင့်ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမယတွင် မြန်မာပြည်သူများထံ ဂုဏ်ယူဝမ်းမြောက်ကြောင်းလည်း ပြောကြားလိုပါသည်။

အဆွေတော်နှင့် မိသားစုဝင်များ ကျန်းမာပျော်ရွှင်ပါစေကြောင်း ဆုမွန်ကောင်းပို့သအပ်ပါသည်။