ဂန့်ဂေါ၊ ဒေသဖွံ့ဖြိုးရေး ဂန့်ဂေါမြို့ အစိုးရစက်မှုလက်မှုသိပ္ပံတွင် အိပ်ဆောင်များ ဆောက်လုပ်လျက်ရှိ

မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့ အစိုးရစက်မှုလက်မှုသိပ္ပံတွင် ခွင့်ပြုရန်ပုံငွေများဖြင့် ဆရာ/ဆရာမ အိပ်ဆောင် တစ်လုံး၊ ကျောင်းသား အိပ်ဆောင်တစ်လုံး၊ ကျောင်းသူအိပ်ဆောင် တစ်လုံးတို့ ဆောက်လုပ်နေမှုကို ဇန်နဝါရီ ၁၃ ရက်တွင် ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ကြည့်ရှု စစ်ဆေးကြကြောင်း သိရသည်။

ထိုသို့ တည်ဆောက်ရေးလုပ်ငန်းများ  ဆောင်ရွက်နေမှုအား ဂန့်ဂေါခရိုင် အုပ်ချုပ်ရေးမှူး ဦးဇော်လွင်ဦးနှင့် တာဝန်ရှိသူများအဖွဲ့က သွားရောက်ကြည့်ရှုစစ်ဆေးရာ အစိုးရစက်မှုလက်မှု သိပ္ပံကျောင်း (ဂန့်ဂေါ)   ဒုတိယကျောင်းအုပ်ကြီး ဦးညိုချောက အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း (ဂန့်ဂေါ)အား  မြေဧရိယာ ၅၇ ဧကတွင် ၂၀၀၈ ခုနှစ်မှစတင်၍ ဖွဲ့စည်းတည်ဆောက်ခဲ့ကြောင်း၊ သင်တန်းများအလိုက် မွေးထုတ်ပေးခဲ့ပြီးဖြစ်သည့် ကျောင်းသား/ကျောင်းသူများအခြေအနေ၊ တည်ဆောက်ရေးလုပ်ငန်းများ ဘဏ္ဍာရေးနှစ်အလိုက် တည်ဆောက်မှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။

အဆိုပါအဆောက်အအုံများမှာ ဂန့်ဂေါမြို့ အစိုးရစက်မှုလက်မှုသိပ္ပံ၏  ၂၀၂၀-၂၀၂၁  ဘဏ္ဍာနှစ် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ်သန်း  ၄၆၉ ဒသမ ၃၃၂ ဖြင့် အတိုင်းအတာ ၇၈ ပေ _ ၉၄ ပေရှိ သံကူကွန်ကရစ်အဆောက်အအုံ လေးခန်းတွဲ လေးထပ် ဆရာ/ဆရာမအိပ်ဆောင် တစ်လုံး၊ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ်သန်း ၉၅၂ ဒသမ ၄၆၆  ဖြင့်  အတိုင်းအတာ ၂၁၁ ပေ_ ပေ ၇၀ ရှိ သံကူကွန်ကရစ် လေးခန်းတွဲ လေးထပ် ၁၆၀ ဦးဆံ့  ကျောင်းသားအိပ်ဆောင် တစ်လုံး၊ ခွင့်ပြုရန်ပုံငွေကျပ်သန်း ၉၅၂ ဒသမ ၄၆၆ ဖြင့်  အတိုင်းအတာ ၂၁၁ ပေ_ ပေ ၇၀  ရှိ သံကူကွန်ကရစ် လေးခန်းတွဲ လေးထပ် ၁၆၀ ဦးဆံ့ ကျောင်းသူအိပ်ဆောင် တစ်လုံးတို့ဖြစ်ကြောင်း  သိရသည်။                   တောင်သားမောင်သန်း