ဘိုင်ယန်မြူးနစ်အသင်း ခံစစ်ကစားသမား အဖွန်ဆိုဒေးဗီးလ် နှလုံးကြွက်သား ရောင်ရမ်းသည့်ရောဂါကြောင့် ကာလရှည် အနားယူရဖွယ်ရှိနေ

ဘိုင်ယန်မြူးနစ်အသင်း ခံစစ်ကစားသမား အဖွန်ဆိုဒေးဗီးလ် နှလုံးကြွက်သား ရောင်ရမ်းသည့်ရောဂါကြောင့် ကာလရှည် အနားယူရဖွယ်ရှိနေ

ဘိုင်ယန်မြူးနစ်အသင်း တောင်ပံခံစစ် ကစားသမား အဖွန်ဆိုဒေးဗီးလ်သည် အသင်းနှင့်အတူ လေ့ကျင့်မှုများ ပြုလုပ်စဉ်    နှလုံးခုန်မမှန် ဖြစ်ပွားခဲ့ပြီးနောက် ဆေးစစ်မှုများ ခံယူရာတွင် နှလုံးကြွက်သား ရောင်ရမ်းသည့်ရောဂါကြောင့်    ဆေးကုသမှုများ ခံယူခဲ့ရကာ ကာလရှည် အနားယူရမည့်အရေးနှင့်  ရင်ဆိုင်နေရကြောင်း သိရသည်။

အဖွန်ဆိုဒေးဗီးလ်သည်  နှလုံးခုန်မမှန်ဘဲ အသက်ရှူရခက်ခဲသည့် အခြေအနေများကြောင့်   အသင်းနှင့် လေ့ကျင့်မှုများကို ရပ်နားထားပြီး အသင်းဆေးအဖွဲ့ဝင်များနှင့် ဆေးစစ်မှုများ ပြုလုပ်ရာတွင် ၎င်းအနေဖြင့် ထူးဆန်းသည့် နှလုံးကြွက်သားအပြင်ဘက်တွင် ရောင်ရမ်းသည့် ရောဂါဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဘိုင်ယန်မြူးနစ်အသင်းနည်းပြ  နာဂယ်စမန်းက ''အဖွန်ဆိုဒေးဗီးလ်ကို  ဓာတ်မှန်ရိုက်တဲ့ အခါမှာ နှလုံးကတော့ ပုံမှန်အတိုင်းပါပဲ။ အနည်းငယ် နှလုံးခုန်မမှန်တာပဲ ရှိပါတယ်။ သူ့နှလုံးကြွက်သားတွေက ပုံမှန်မဟုတ်ဘဲ ရောင်ရမ်းနေပါတယ်။ ဒါကြောင့် ကာလရှည် အနားယူရဖွယ်ရှိနေပါတယ်''ဟု ပြောသည်။

အဖွန်ဆိုဒေးဗီးလ် အနေဖြင့် လက်ရှိတွင် မည်သည့် အချိန်အထိ အနားယူရမည်ကို မသိရှိရသေးဘဲ နှလုံးနှင့် ပတ်သက်သည့် ရောဂါဖြစ်သောကြောင့် ကာလရှည် အနားယူရဖွယ် ရှိနေကြောင်း သိရသည်။