ရပ်စောက်မြို့နယ်၌ တရားမဝင်သစ်များ သိမ်းဆည်းရမိ

နေပြည်တော် ၊ သြဂုတ် - ၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ယနေ့တွင် ကျိုင်းခမ်းကျေးရွာ၏ အရှေ့မြောက်ဘက် ၅ မိုင်ခွဲခန့်နှင့် အနီးဝန်းကျင်တစ်ဝိုက်သို့ အရောက်၌ တရားမဝင်စုပုံထားသော အင်သစ်လုံးဆိုဒ်စုံ ၆၅ လုံး (၁၁ ဒသမ ၅ တန်ခန့်)ကို တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

 

အဆိုပါ သိမ်းဆည်းရမိ တရားမဝင်သစ်များအား ရပ်စောက်မြို့နယ် သစ်တောဦးစီးဌာနသို့ စနစ်တကျ လွှဲပြောင်း အပ်နှံသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။