ယနေ့ဓာတ်ခွဲနမူနာ စုစုပေါင်း ၇၇ဝ၃  ခုအား စစ်ဆေးခဲ့ရာ ပိုးတွေ့ လူနာသစ် ၁၂၃ ဦးတွေ့ရှိ၊ ရောဂါပိုးတွေ့ရှိမှု ၁ ဒသမ ၆ဝ ရာခိုင်နှုန်းရှိ

ယနေ့ဓာတ်ခွဲနမူနာ စုစုပေါင်း ၇၇ဝ၃  ခုအား စစ်ဆေးခဲ့ရာ ပိုးတွေ့ လူနာသစ် ၁၂၃ ဦးတွေ့ရှိ၊ ရောဂါပိုးတွေ့ရှိမှု ၁ ဒသမ ၆ဝ ရာခိုင်နှုန်းရှိ

နေပြည်တော်  ဇန်နဝါရီ  ၁၆

ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။ ကိုဗစ်-၁၉  သံသယ လူနာများ၊ ဓာတ်ခွဲအတည်ပြု လူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစမ်းသပ် စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၁၅-၁-၂ဝ၂၂)ရက် ည ၈ နာရီမှ (၁၆-၁-၂ဝ၂၂) ရက် ည ၈  နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း   ၇၇ဝ၃ ခုအား  စစ်ဆေးပြီးစီးခဲ့ရာ  ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၂၃ ဦးတွေ့ရှိရသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုး တွေ့ရှိမှုရာခိုင်နှုန်းမှာ ၁ ဒသမ ၆ဝ ရာခိုင်နှုန်း ရှိသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၆၂ဝ၃၉၉၂ ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြု လူနာစုစုပေါင်း ၅၃၃၁၄၄ ဦးရှိပြီဖြစ်သည်။

ယနေ့တွင် ဆေးရုံဆင်းခွင့် ရရှိသူ ၁၁၇ ဦးဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း ၅၁၁၂၁၁ ဦး ဆေးရုံမှဆင်းခွင့် ရရှိပြီးဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါဖြင့် ထပ်မံသေဆုံးသူ တစ်ဦးရှိသဖြင့် ယနေ့အထိ သေဆုံးသူ စုစုပေါင်း ၁၉၃ဝ၂  ဦးရှိသည်။ 

ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး အတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဦးတည်အုပ်စုများ သတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ (၁၅-၁-၂ဝ၂၂) ရက်အထိ လူဦးရေစုစုပေါင်း ၂၁၃၆၁၇၈၅ ဦးအား ထိုးနှံပေးပြီးဖြစ်၍ ကာကွယ်ဆေးနှစ်ကြိမ် အပြည့်ထိုးနှံပြီးစီးသူ ၁၇၅၅၈၁၁၃ ဦးနှင့် ပထမအကြိမ် ထိုးနှံပြီးစီးသူ ၃၈ဝ၃၆၇၂ ဦး ရှိပြီဖြစ်သည်။ သို့ဖြစ်ပါ၍ (၁၅-၁-၂ဝ၂၂) ရက်အထိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအကြိမ်ရေ    စုစုပေါင်း ၃၈၉၁၉၈၉၈ ကြိမ် ထိုးနှံပြီး ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက  သတင်းထုတ်ပြန်ထားသည်။