မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်တွင် ငွေကျပ် ၁၉ ဒသမ၈   ဘီလီယံ တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်းများ) ဖမ်းဆီးရမိ

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်တွင် ငွေကျပ် ၁၉ ဒသမ၈   ဘီလီယံ တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်းများ) ဖမ်းဆီးရမိ

နေပြည်တော်  ဇန်နဝါရီ  ၁၆

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်တွင် ငွေကျပ် ၁၉ ဒသမ ၈ ဘီလီယံ တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်းများ) ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည်  ဇန်နဝါရီ ၁၃ ရက် နံနက် ၁ဝ နာရီခွဲတွင် မန္တလေးတိုင်း ဒေသကြီး ကျောက်ဆည်မြို့နယ် ရန်ကုန်-မန္တလေးသွား ကားလမ်း   ဇလဲကျေးရွာ အနီးတွင် မူးယစ်ဆေးဝါးများ သယ်ဆောင်လာကြောင်း သတင်း ရရှိထားသူ စိုးမြင့် နှင့် ထွန်းလင်းတို့ကို DONG FENG ၂၂ ဘီး တွဲကား မော်တော်ယာဉ်နှင့် လည်းကောင်း၊ ပူးပေါင်းပါဝင်သည့် ရှိုင်းကိုကိုနှင့် ဝမ်လောက်စီ (ခ) ကွယ်ရုံ (ခ) တာကောတို့ကို မော်တော်ဆိုင်ကယ်ဖြင့် လည်းကောင်း အတူတွေ့ရှိရသဖြင့်   စစ်ဆေးရှာဖွေရာ တွဲကားယာဉ်ပေါ်တွင် ဒေသကာလ တန်ဖိုး ငွေကျပ် ၁၉ ဒသမ ၈ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၉၉ဝ ကီလိုနှင့် မြန်မာငွေကျပ် ၂၂ သိန်းတို့ကို သိမ်းဆည်းရမိခဲ့ပြီး   စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ အိုက်စ် (မက်သ်အဖက်တမင်း)များအား ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ကရင်ပြည်နယ်သို့ သယ်ဆောင်ခြင်း ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့လေးဦးကို ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား   ဆက်လက် စစ်ဆေး ဖော်ထုတ်လျက် ရှိကြောင်း    သိရသည်။