အာဆင်နယ်အသင်းတွင် ကစားသမားအင်အား လုံလောက်မှု မရှိတော့သည့်အတွက် ယှဉ်ပြိုင်ကစားမည့် စပါးအသင်းနှင့် ပွဲစဉ်ကို ရွှေ့ဆိုင်းကြောင်း အတည်ပြု

အာဆင်နယ်အသင်းတွင် ကစားသမားအင်အား လုံလောက်မှု မရှိတော့သည့်အတွက် ယှဉ်ပြိုင်ကစားမည့် စပါးအသင်းနှင့် ပွဲစဉ်ကို ရွှေ့ဆိုင်းကြောင်း အတည်ပြု

အာဆင်နယ်အသင်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက် မှု၊ ဒဏ်ရာရ ကစားသမားများနှင့် အာဖရိကဖလား ပြိုင်ပွဲအတွက်    ကစားသမား စေလွှတ်ထားမှုများကြောင့် ကစားသမားအင်အား လုံလောက်မှုမရှိတော့သည့်အတွက် စပါးအသင်းနှင့် အာဆင်နယ်အသင်းတို့ ပွဲစဉ်ကို ပရီးမီးယားလိဂ်ဘောလုံး အဖွဲ့ချုပ်က ရွှေ့ဆိုင်းခဲ့သည်ဟု အတည်ပြု ကြေညာကြောင်း သိရသည်။

စပါးအသင်းနှင့်  အာဆင်နယ်အသင်းတို့သည် ဇန်နဝါရီ ၁၆ ရက်တွင်ကစားရမည်ဖြစ်ပြီး လက်ရှိ အာဆင်နယ်အသင်းတွင် အဓိက ကွင်းလယ်ကစား သမားဖြစ်သည့် အိုဒီဂတ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရသည့် အတွက် အနားယူနေသကဲ့သို့ တခြားအဓိကကွင်းလယ် ကစားသမားဖြစ်သည့် ရှာကာကိုလည်း ပွဲပယ်ပြစ်ဒဏ်ကြောင့် လက်လွှတ်ရမည်ဖြစ်သည်။

အလားတူ တခြားအဓိက ကစားသမားများဖြစ် သည့် ခံစစ်ကစားသမား တိုမီယာဆု၊ ဆိုယာရက်စ်၊ အဓိကကွင်းလယ် ကစားသမားဖြစ်သည့် စမစ်ရိုးစ်နှင့် တိုက်စစ်ကစား သမားဖြစ်သည့် ဆာကာတို့ ဒဏ်ရာအသီးသီး ရရှိနေသကဲ့သို့  အဓိက ကွင်းလယ်ကစားသမားနှစ်ဦးဖြစ်သည့် သောမက်စ်ပါတေးနှင့် အန်နီနီ၊ တိုက်စစ်ကစားသမားများဖြစ်သည့် အူဘာမီယန်းနှင့် ပီပီတို့ကို အာဖရိကဖလား ပြိုင်ပွဲသို့ စေလွှတ်ထားရသည့်အတွက် အဓိက ကစားသမားအများစုကို လက်လွှတ်ထားရပြီး ပွဲကစားရန် ကစားသမား ၁၂ ဦးခန့်သာရှိတော့သည့်အတွက် ပွဲစဉ်ရွှေ့ဆိုင်းပေးရန် ပရီးမီးယားလိဂ် ဘောလုံးအဖွဲ့ချုပ်ထံ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

၂ဝ၂၁ ခုနှစ် ဒီဇင်ဘာလမှစ၍ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ကိုဗစ်-၁၉ ရောဂါကြောင့် ပွဲစဉ်များ ရွှေ့ဆိုင်းခဲ့ရသော်လည်း  ပရီးမီးယားလိဂ် ဘောလုံးအဖွဲ့ချုပ်က ကစားသမား ၁၄ဦးရှိလျှင် ပွဲစဉ်ကို မူလအတိုင်း ကျင်းပရမည်ဟု ထုတ်ပြန်ထားပြီး လက်ရှိအာဆင်နယ် အသင်းတွင် ကစားသမား ၁၄ ဦးပင် မပြည့်တော့သည့်အတွက် ပွဲစဉ်ကို ရွှေ့ဆိုင်းပေးရခြင်း ဖြစ်သည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ပြီးခဲ့သည့် ဒီဇင်ဘာ  ၁၂ ရက်က ဘရိုက်တန်အသင်းနှင့် စပါးအသင်းတို့ ပွဲစဉ်မှစတင်ပြီး ကိုဗစ်-၁၉ ရောဂါကြောင့် ရွှေ့ဆိုင်း ခဲ့ရပြီးနောက် စုစုပေါင်း ၁၅ ပွဲအထိရွှေ့ဆိုင်းခဲ့ရကာ ပြိုင်ပွဲသမိုင်း တစ်လျှောက်   ပထမဆုံးအကြိမ်အဖြစ် ပွဲစဉ်အများဆုံး ရွှေ့ဆိုင်းခဲ့ရသည့်  ဘောလုံးရာသီ အဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။

ယခုဘောလုံးရာသီတွင်   အာဆင်နယ်အသင်း အနေဖြင့် ကိုဗစ်-၁၉ ရောဂါကြောင့် ရွှေ့ဆိုင်းခဲ့ရ သည့်ပွဲစဉ်မှာ ဒုတိယမြောက ်ပွဲစဉ်ဖြစ်ပြီး ပြီးခဲ့သည့် ဒီဇင်ဘာ ၂၈ ရက်ကလည်း  အာဆင်နယ်အသင်း နည်းပြ အာတီတာအပါအဝင် ကစားသမား အများစုကိုဗစ်-၁၉ ရောဂါကူးစက် ခံခဲ့ရသည့်အတွက် ပွဲစဉ်ကို ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်သည်။

အလားတူ စပါးအသင်းသည်လည်း ဒီဇင်ဘာ ၁၂ ရက်က ကစားရမည့် ဘရိုက်တန်အသင်းနှင့် ပွဲစဉ်ကို ရွှေ့ဆိုင်းခဲ့ရပြီးနောက် အာဆင်နယ် အသင်းနှင့်ပွဲစဉ်မှာ   ဒုတိယမြောက် ရွှေ့ဆိုင်းခဲ့ရသည့် ပွဲစဉ်ဖြစ်လာကြောင်း သိရသည်။