ဂျီနိုအာအသင်းက အသင်းကို ရလဒ်ကောင်းမွန်အောင် မစွမ်းဆောင်နိုင်ခဲ့သောကြောင့် နှစ်လမပြည့်မီပင် နည်းပြရှက်ချန်ကိုအား ရာထူးမှ ထုတ်ပယ်

ဂျီနိုအာအသင်းက အသင်းကို ရလဒ်ကောင်းမွန်အောင် မစွမ်းဆောင်နိုင်ခဲ့သောကြောင့် နှစ်လမပြည့်မီပင် နည်းပြရှက်ချန်ကိုအား ရာထူးမှ ထုတ်ပယ်

အီတလီစီးရီးအေကလပ်    ဂျီနိုအာအသင်းက အသင်းကို ရလဒ်ကောင်းများ ရရှိအောင် စွမ်းဆောင်ပေးနိုင်ခြင်း မရှိသည့်အတွက် နည်းပြရှက်ချန်ကိုအား နှစ်လမပြည့်မီမှာပင် ရာထူးမှ ထုတ်ပယ်ခဲ့ကြောင်း သိရသည်။

အသက် ၄၅ နှစ်အရွယ် ရှက်ချန်ကိုသည် ကစားသမားဘဝက  အေစီမီလန်အသင်းနှင့်  ချယ်လ်ဆီးအသင်းတို့တွင် အောင်မြင်မှုများစွာ ရယူနိုင်ပြီး ၂ဝ၁၂ ခုနှစ်က ဒိုင်နမိုကိဗ်အသင်းတွင် နောက်ဆုံးကစားပြီးနောက် ကစားသမားဘဝမှ အနားယူခဲ့သူဖြစ်သည်။

ရှက်ချန်ကိုအနေဖြင့် ကစားသမားဘဝမှ အနားယူပြီးနောက် ၂ဝ၁၆ ခုနှစ်မှစ၍ ယူကရိန်းအသင်း လက်ထောက်နည်းပြအဖြစ် နည်းပြလောကသို့ စတင်ဝင်ရောက်ခဲ့ပြီး ၂ဝ၁၆ ခုနှစ်မှ ၂ဝ၂၁ ခုနှစ်အထိ ယူကရိန်းအသင်းတွင် နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကာ ၂ဝ၂၁ ခုနှစ် နိုဝင်ဘာလအတွင်းက ယူကရိန်းအသင်းနှင့် လမ်းခွဲခဲ့သည်။

ယူကရိန်းအသင်းနှင့် လမ်းခွဲခဲ့ပြီးနောက် ၂ဝ၂၁ ခုနှစ် နိုဝင်ဘာလက ဂျီနိုအာအသင်း နည်းပြသစ်အဖြစ် ခန့်အပ်ခံရပြီး ပြီးခဲ့သည့် နိုဝင်ဘာ ၂၂ ရက်က ကစားသည့် ရိုးမားအသင်းနှင့် ပွဲစဉ်တွင် စတင် တာဝန်ယူကိုင်တွယ်ကာ  စုစုပေါင်းပြိုင်ပွဲစုံ ၁၁ ပွဲကိုင်တွယ်ခဲ့ရာတွင် တစ်ပွဲသာအနိုင်ရရှိပြီး     ရှစ်ပွဲအထိ ရှုံးနိမ့်ခဲ့သည့်အတွက် ဂျီနိုအာအသင်းက ထုတ်ပယ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။