တောင်ငူ၊ ပြည်နှင့် သာယာဝတီခရိုင် သစ်တောကြိုးဝိုင်းများ အတွင်း တရားမဝင် သစ်မျိုးစုံ ဖမ်းဆီးရမိ

တောင်ငူ၊ ပြည်နှင့် သာယာဝတီခရိုင် သစ်တောကြိုးဝိုင်းများ အတွင်း တရားမဝင် သစ်မျိုးစုံ ဖမ်းဆီးရမိ

နေပြည်တော်  ဇန်နဝါရီ  ၁၇

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့်တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့် အညီ ထိရောက်စွာ တားဆီး အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ပဲခူးတိုင်း ဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသ ကြီး သစ်တောဦးစီးဌာနက ဦးဆောင်၍ ပူးပေါင်းအဖွဲ့များဖြင့် သတင်းအရ သွားရောက် စစ်ဆေးခဲ့ရာ တောင်ငူ၊ ပြည်နှင့် သာယာဝတီခရိုင် သစ်တောကြိုးဝိုင်းများ အတွင်းရှိ တရားမဝင် ကျွန်းသစ် ၄၇ ဒသမ ၅၈၂၂ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၈ဝ၈၈၄ဝဝ)နှင့် သစ်မာ ၂ ဒသမ ၃၁၆၂တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၄၇၆၄ဝ)    စုစုပေါင်း တရားမဝင် သစ်မျိုးစုံ ၄၉ ဒသမ ၈၉၈၄ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၄၃၆ဝ၄ဝ)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဦးစီး ဌာန၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။