ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော် လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူနိုင်ရန် ကျောက်လုံးတော်ကြီး ပတ်လည်အား ငြမ်းဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော် လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူနိုင်ရန် ကျောက်လုံးတော်ကြီး ပတ်လည်အား ငြမ်းဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

ကျိုက်ထို   ဇန်နဝါရီ   ၁၇

ကျိုက်ထိုမြို့နယ် ကင်မွန်းချောင်းကျေးရွာရှိ  ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူနိုင်ရန် ကျောက်လုံးတော်ကြီး ပတ်လည် ငြမ်းဆင်ခြင်း လုပ်ငန်းများကို   ယနေ့   နံနက် ၈ နာရီ ၄၅ မိနစ်တွင်   ရင်ပြင်တော် ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တနန္ဒမာလာဦးစီး၍ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရင်ပြင်တော် အလှည့်ကျ ဂေါပကအဖွဲ့ဝင်များ၊ ဈေးကော်မတီဝင်များ၊ ရင်ပြင်တော် မီးသတ်တပ်ဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

အဆိုပါ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော် လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူနိုင်ရေးအတွက် ငြမ်းဆင်ခြင်း လုပ်ငန်းအား ဇန်နဝါရီ ၁၇ ရက်မှ ၃ဝ ရက်အထိ လည်းကောင်း၊ သစ်စေးသုတ်ခြင်း လုပ်ငန်းအား ဖေဖော်ဝါရီ ၁ ရက်မှ ၁၉ ရက်အထိ လည်းကောင်း၊  ရွှေသင်္ကန်းကပ်ခြင်း လုပ်ငန်းအား ဖေဖော်ဝါရီ ၂ဝ ရက်မှ မတ် ၆ ရက် အထိလည်းကောင်း   ပြုလုပ်မည်ဖြစ်၍ ရဟန်း/ ရှင်လူ/  ဘုရားဖူးပြည်သူများမှလည်း လုံးတော်ပြည့် ရွှေသင်္ကန်း ဆက်ကပ် လှူဒါန်းရာတွင် ကုသိုလ်ပါဝင် လှူဒါန်းနိုင်ကြောင်း သိရသည်။