(၄)ကြိမ်မြောက် မြိုအမျိုးသား နှစ်သစ်ကူးနေ့ ကျင်းပ

(၄)ကြိမ်မြောက် မြိုအမျိုးသား နှစ်သစ်ကူးနေ့ ကျင်းပ

ပုဏ္ဏားကျွန်း  ဇန်နဝါရီ  ၁၇

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် အထက် မြတ်လှဲကျေးရွာ တိုက်ပွဲရှောင် ကယ်ဆယ်ရေး စခန်း၌ ယနေ့နံနက် ၉ နာရီတွင် (၄)ကြိမ် မြောက် မြိုအမျိုးသား နှစ်သစ်ကူးနေ့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

အခမ်းအနားတွင် မြိုယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ဦးဇနီဖြူက မြိုလူမျိုးတို့၏ရိုးရာယဉ် ကျေးမှုဓလေ့ထုံးတမ်း အစဉ်အလာများကို ထိန်းသိမ်းကြရန်နှင့် မြိုလူမျိုးတို့၏  မိခင်စာပေ ဘာသာစကားများ မမေ့ပျောက်စေ ရန်ရည်ရွယ်၍ ကျင်းပရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး မြိုလူမျိုးသက်ကြီး ရွယ်အိုများကို ပူဇော်ကန်တော့ကြသည်။

ယခင်နှစ်က   မြိုအမျိုးသားနှစ်သစ် ကူးနေ့ကို ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ဗန်းဗွီးကျေးရွာတွင် နှစ်ကြိမ်နှင့် ကျောက်တော်မြို့နယ် ဝါးတောင်ကျေးရွာရှိ  တိုက်ပွဲ ရှောင်ကယ်ဆယ်ရေးစခန်းတွင် တတိယအကြိမ် ကျင်းပခဲ့ကြောင်း သိရသည်။

ယခုအခါ (၄)ကြိမ်မြောက် မြိုအမျိုးသား နှစ်သစ်ကူးပွဲတော်ကို  ပုဏ္ဏားကျွန်းမြို့နယ် အထက်မြတ်လှဲကျေးရွာ၌ ကျင်းပခဲ့ပြီး  မြိုနှစ်သစ်ကူးနေ့ပွဲတော်သို့  မြိုလူမျိုးများ အပါအဝင် ရခိုင်၊ ခမီ၊ သက်၊ သက္ကမ ခေါ် ဒိုင်းနက်လူမျိုးများ၊  လူမှုရေး အသင်းအဖွဲ့များ၊ တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။