ပထမအကြိမ် တရားလွှတ်တော်ရှေ့နေများကောင်စီ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၂)ကျင်းပ

နေပြည်တော်  ဇန်နဝါရီ  ၁၇

ယနေ့ နံနက်ပိုင်းတွင်  တရားလွှတ်တော်ရှေ့နေများကောင်စီ၏ ပထမအကြိမ် အစည်းအဝေး အမှတ်စဉ်(၁/၂၀၂၂)ကို    နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် ဝဏ္ဏသိဒ္ဓိရပ်ကွက်    နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း Cluster-1, တိုက်အမှတ်(၆)ရှိ   တရားလွှတ်တော်ရှေ့နေများကောင်စီရုံးတွင်   ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ Social Distancing နှင့်အညီ ကျင်းပသည်။

အစည်းအဝေးတွင် ဥပဒေရေးရာဝန်ကြီးဌာန တရားလွှတ်တော်ရှေ့နေများ ကောင်စီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ဥပဒေရေးရာဝန်ကြီးဌာနတရားလွှတ်တော်ရှေ့နေများကောင်စီ ဥက္ကဋ္ဌနှင့်အတူ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဦးမျိုးတင့်၊ တရားလွှတ်တော် ရှေ့နေများ ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဥပဒေရေးရာဝန်ကြီးဌာနဒုတိယဝန်ကြီးနှင့်     ဒုတိယ ရှေ့နေချုပ် ဦးစန်းလွင်၊    တရားလွှတ်တော် ရှေ့နေများ ဖြစ်ကြသော  ဦးမြသိန်း၊  ဒေါ်ခင်နုသာ၊ ဦးလှဟန်၊ ဦးစိုးမြင့်၊ ဦးစိုးသိန်း၊ ဦးဝင်းဖေ၊ ပြည်ထောင်စု  တရားလွှတ်တော်ချုပ်၊ ပြည်ထောင်စု တရားစီရင်ရေးကြီးကြပ်မှုရုံး ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုးနှင့် ကောင်စီအတွင်းရေးမှူး  ဥပဒေရေးရာဝန်ကြီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီသီမြင့်တို့ တက်ရောက်ကြောင်း   သိရသည်။