တံတားဦးမြို့နယ်၌ ကွန်ကရစ်ပစ္စည်းများ တစ်နိုင်တစ်ပိုင် ပြုလုပ်ရောင်းချခြင်းဖြင့်  မိသားစု အပိုဝင်ငွေရရှိ

တံတားဦးမြို့နယ်၌ ကွန်ကရစ်ပစ္စည်းများ တစ်နိုင်တစ်ပိုင် ပြုလုပ်ရောင်းချခြင်းဖြင့်  မိသားစု အပိုဝင်ငွေရရှိ

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်၌ ကွန်ကရစ်ပစ္စည်းများ တစ်နိုင်တစ်ပိုင် ပြုလုပ်ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရရှိပြီး စီးပွားရေး အဆင်ပြေလျက်ရှိကြောင်း   ကွန်ကရစ်ပစ္စည်း ပြုလုပ်ရောင်းချသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

''အဓိကက ကွန်ကရစ်ကျောက်တိုင်နဲ့ ရေလှောင်ကန်တွေ   အများဆုံး ရောင်းရတယ်။ တစ်ခါတစ်ရံ ကျေးလက်ကုန်ထုတ် လမ်းတွေပြုလုပ်ရာမှာ အသုံးပြုတဲ့ ရေပြွန်တွေလည်း  ရောင်းရပါတယ်။  လက်ရှိမှာ ကုန်ကြမ်းပစ္စည်းတွေဖြစ်တဲ့ ဘိလပ်မြေ၊ ကျောက်၊ သံချောင်းဈေးတွေ တက်နေပေမယ့် ဝယ်လိုအားပေါ် မူတည်ပြီး ကွန်ကရစ်ပစ္စည်းဈေးကို   ထိုက်သင့်တဲ့ဈေးနှုန်းနဲ့ ရောင်းချနေပါတယ်''ဟု တံတားဦးမြို့နယ်မှ  ကွန်ကရစ်ပစ္စည်း ပြုလုပ်ရောင်းချသူ ဦးကံချွန်ကပြောသည်။

ကွန်ကရစ်ပစ္စည်း ပြုလုပ်ရောင်းချသူများ အနေဖြင့် ကွန်ကရစ်တိုင်၊ ရေလှောင်ကန်၊ ကွန်ကရစ်ပြွန်၊ ကျင်တွယ်ခုံဆိုဒ်စုံ၊ နွားစားခွက်နှင့် မိလ္လာသုံးကျောက်ပြားများ ပြုလုပ်ရောင်းချလျက်ရှိပြီး အော်ဒါမှာယူမှုများကိုလည်း လက်ခံပြုလုပ်ပေးလျက် ရှိကြောင်း သိရသည်။