ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် အလွတ်တည်ကန်ဘောမှ သွင်းဂိုးအများဆုံး ကစားသမားစာရင်းတွင်  ကာဇိုလာနှင့် အွန်နရီတို့၏ စံချိန်ကို ဝက်စ်ပရောက် လိုက်မီ

ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် အလွတ်တည်ကန်ဘောမှ သွင်းဂိုးအများဆုံး ကစားသမားစာရင်းတွင်  ကာဇိုလာနှင့် အွန်နရီတို့၏ စံချိန်ကို ဝက်စ်ပရောက် လိုက်မီ

ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် အလွတ်တည်ကန်ဘောမှ သွင်းဂိုးအများဆုံး ကစားသမားစာရင်းတွင် ချယ်လ်ဆီးအသင်း ကစားသမားဟောင်း ကာဇိုလာနှင့် အာဆင်နယ်အသင်း ကစားသမားဟောင်း အွန်နရီတို့ ၏စံချိန်ကို ဆောက်သမ်တန်အသင်း ကွင်းလယ်ကစားသမား ဝက်စ်ပရောက်က လိုက်မီနိုင်ခဲ့ပြီး ဒုတိယနေရာ၌ ပူးတွဲရပ်တည်ခဲ့ကြောင်း သိရသည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ်(၂၁)အဖြစ် ဝုဗ်အသင်း နှင့် ဆောက်သမ်တန် အသင်းတို့ ကစားသည့်ပွဲစဉ်၌ ဝက်စ်ပရောက်က ပွဲချိန်  ၈၄ မိနစ်တွင် ဝုဗ်အသင်း ဂိုးဘက်ခြမ်း ၃၅ ကိုက်အကွာမှ အလွတ်တည်ကန်ဘော ရရှိခဲ့ရာ ဂိုးဝင်အောင် ကန်သွင်းနိုင်ခဲ့ပြီးနောက်  အလွတ် တည်ကန်ဘောမှ ၁၂ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ကာဇိုလာ နှင့် အွန်နရီတို့၏ စံချိန်ကို လိုက်မီနိုင်ခဲ့ခြင်းဖြစ်သည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် အလွတ်တည်ကန်ဘောမှ သွင်းဂိုးအများဆုံး ကစားသမားစာရင်းတွင် မန်ယူအသင်း ကစားသမားဟောင်း ဒေးဗစ်ဘက် ခမ်းက ၁၈ ဂိုးဖြင့်  ပထမနေရာ၌ ရပ်တည်လျက်ရှိပြီး ကာဇိုလာ၊ အွန်နရီနှင့် ဝက်စ်ပရောက်တို့က ၁၂ ဂိုးစီဖြင့် ဒုတိယနေရာ၌ လည်းကောင်း၊ လော်ရန်ရောဘတ်၊ စီရော်နယ်ဒိုနှင့် လာဆင်တို့က ၁၁ ဂိုးစီဖြင့် တတိယ နေရာ၌ လည်းကောင်း၊ ဟာတီနှင့် ပီဒါဆန်တို့က ၁ဝ ဂိုးစီဖြင့် စတုတ္ထနေရာ၌ လည်းကောင်း၊ ရက်ပ်နက်၊ ဆိုလာနိုနှင့် လမ်းပတ်တို့က ကိုးဂိုးစီဖြင့် ပဉ္စမနေရာ၌ လည်းကောင်း အသီးသီး ရပ်တည်လျက် ရှိကြောင်း သိရသည်။