မိုင်းရယ်မြို့အနီး မိုင်းရယ်-လားရှိုးသွားကားလမ်းပေါ်၌ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူ အမျိုးသမီး ၂ ဦး ဖမ်းဆီးရမိ

နေပြည်တော် ၊ သြဂုတ် - ၆

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့၏ အနောက်မြောက်ဘက်မီတာ ၂၀၀၀ ခန့်အကွာ မိုင်းရယ်-လားရှိုးသွား ကားလမ်းပေါ်၌ လုံခြုံရေတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယာဉ်ဖြတ်သန်းသွားလာမှုများအား စစ်ဆေးစဉ် ယနေ့မွန်းလွဲ ၃ နာရီခန့်တွင် မိုင်းရှူးမြို့ဘက်မှ လားရှိုးမြို့ဘက်သို့ မနန်းဆိုင်ဆာ(ဘ)ဦးလုံးအောင် မောင်းနှင်ပြီး မနန်းဟွမ်လှိုင်း(ဘ)ဦးလုံးဆွေ လိုက်ပါစီးနင်းလာသည့် HONDA CLICk အမျိုးအစား မော်တော်ဆိုင်ကယ်တစ်စီးအား ရပ်တန့်စစ်ဆေးရာ ၎င်းတို့ ၂ ဦး၏ခန္ဓာကိုယ်တွင် တိပ်များ ဖြင့်ကပ်၍သယ်ဆောင်လာသော WY စာတမ်း ပါ စိတ်ကြွရူးသွပ်ဆေးပြား ၅၀၀၀၀ ပြား (မူးယစ်ဆေးဝါးများ၏ ခန့်မှန်းတန်ဖိုး ငွေကျပ်သိန်းပေါင်း ၁၀၀၀ ခန့်)ကို တွေ့ရှိ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါးများနှင့် ဖမ်းဆီးရမိသူများအား မိုင်းရယ်မြို့မရဲ စခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။